အပိုင်း ၂၁၇ : ပြိုင်ဘက်ကင်း! လုံးဝပြိုင်ဘက်ကင်း!

Start from the beginning
                                    

အခြေအနေတွေက ပြောင်းလဲသွားခဲ့တာကို တွေ့လိုက်ရတော့.. မိုးပြာရောင် တိမ်တိုက် ဂရန်းမာစတာရဲ့ မျက်နှာဟာ မည်းမှောင်သွားခဲ့ပါတယ်။ အခုရှောင်ယန်ဟာ လင်းဖုန်းရဲ့ ထောက်ခံမှုကို ရထားခဲ့တော့… သူတို့ရဲ့ အလင်းဓားမြန်ဂိုဏ်းဟာ အသာစီး ရမနေတော့ဘူး ဆိုတာကို သိလိုက်ပါတယ်။

အလင်းဓားမြန်ဂိုဏ်း တစ်ခုလုံးမှာ… အင်မော်တယ် ဝိညာဉ် အဆင့်က ဓားကျင့်ကြံသူက တစ်ယောက်သာ ရှိတာပါ။

"ခြံစည်းရိုးပေါ်မှာ ထိုင်နေခဲ့တဲ့အတွက်… ငါတို့က တန်ဖိုးကို ပေးဆပ်ရတော့မှာပဲကွ။" ဝူယွမ်လန်ရဲ့ အမူအရာတွေဟာ မိုးပြာရောင် တိမ်တိုက် ဂရန်းမာစတာထက်တောင် ပိုပြီးမှ မည်းမှောင်နေခဲ့ပါတယ်။

မီးပျံဓား မာစတာကလည်း တွေးနေခဲ့ပါတယ်… "ငါက သူတို့ရဲ့ အကြီးအကဲ တစ်ယောက်နဲ့ တိုက်ခိုက်ခဲ့ပေမဲ့.. ဒါက တစ်ကွက်ထဲပဲ။ ပြီးတော့ နောက်ဆုတ်ခဲ့ရတာကလည်း ငါပဲဆိုတော့… ငါ့ကို ဘာမှတော့ မလုပ်လောက်ပါဘူး?"

ဆင်တိမ် ဂရန်းမာစတာကတော့ နောင်တတွေ ရနေခဲ့ကာ… တတ်နိုင်ရင် အချိန်ကို နောက်ပြန်ဆုတ်ပြီး သူ့ရဲ့ မဟုတ်တဲ့ အပြုအမူတွေကို ပြောင်းပြန်လှန်ချင်နေခဲ့ပါတယ်။

ဘာဖြစ်လို့ ငါက ဒီလိုမျိုး အောက်တန်းကျပြီး လောဘကြီးရတာလဲ? ငါက အရှေ့ကိုထွက်ပြီး သူတို့ကို တကယ်ပဲ တိုက်ခိုက်ခဲ့တယ်။ ဒီအခြေအနေကနေ ငါက ရုန်းထွက်လို့ရတော့မှာ မဟုတ်ဘူး။

လင်းဖုန်းက ယုချန်စန်းကို မျက်စိတစ်မှိတ်လေး အတွင်းမှာ သတ်လိုက်တဲ့ မြင်ကွင်းကို ပြန်မြင်ယောင်လာခဲ့တော့… ဆင်တိမ် ဂရန်းမာစတာဟာ ကျောရိုးထဲကနေ စိမ့်တက်လာခဲ့ပြီး သူ့ရဲ့ တန်ဖိုးမရှိတဲ့ အသက်ကို ချမ်းသာရာ ရဖို့အတွက် ထွက်ပြေးလိုက်ပါတယ်။

ဒါပေမဲ့လည်း လင်းဖုန်းက သူ့ကို မမေ့ခဲ့တဲ့အတွက် သူဟာ ကံမကောင်းခဲ့ပါဘူး။ "ဝမ်းနည်းပါတယ်… ဒါပေမဲ့ အခုမှပြေးလို့ နောက်ကျသွားပြီ!"

အေးရီးစ်ကိုယ်ပွားဟာ စနစ်ကြီးအထဲက ရလာတဲ့ ပစ္စည်းဖြစ်ပြီး… သာမန်ကျင့်ကြံသူတွေရဲ့ ကိုယ်ပွားမျိုးနဲ့ မတူပါဘူး။ အေးရီးစ်ကိုယ်ပွားရဲ့ စွမ်းအားဟာ လင်းဖုန်းရဲ့ တိုးတက်မှုနဲ့အတူ လိုက်ပြီးမှ ကြီးမားလာမှာဖြစ်ပြီး… နောက်ထပ်သန့်စင်မှု ကျင့်ကြံမှုတွေ မလိုပါဘူး။ ဒါကြောင့်မို့ အခု အေးရီးစ်ကိုယ်ပွားရဲ့ ကျင့်ကြံမှုအဆင့်ကလည်း အခြေတည်ဝိညာဉ် အဆင့်ကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now