အပိုင်း ၂၀၄ : မဟာကောင်းကင် တာအိုကျမ်းစာ အခန်း၂

Start from the beginning
                                    

အရိုးအရင်းမြစ်နဲ့ သဘောပေါက် နားလည်နိုင်စွမ်းဟာ ၉မှတ်စီ ရထားပြီး… ပေါင်းလိုက်ရင် ၁၈မှတ် ရပါတယ်။ ဒါကဘာကို ဆိုလိုနေတာလည်း?

ကျန်တဲ့လူတွေကို ကြည့်လိုက်ရင် အဖြေကို သဘောပေါက်လာပါလိမ့်မယ်။

ရှောင်ပုတန်လေးရဲ့ အရိုးအရင်းမြစ်က ၁၀မှတ်… သဘောပေါက် နားလည်နိုင်စွမ်းက ၈မှတ်… ပေါင်းလိုက်ရင် ၁၈မှတ်။

ရှောင်ယန်ရဲ့ အရိုးအရင်းမြစ်က ၈မှတ်… သဘောပေါက် နားလည်နိုင်စွမ်းက ၉မှတ်… ပေါင်းလိုက်ရင် ၁၇မှတ်။

ဇူရီရဲ့ အရိုးအရင်းမြစ်က ၇မှတ်… သဘောပေါက် နားလည်နိုင်စွမ်းက ၉မှတ်… စုစုပေါင်းလိုက်ရင် ၁၆မှတ်။

ဝမ်လင်း… သူ့ကိုတော့ ထားလိုက်ပါတော့။ ဝမ်လင်းရဲ့ အရှေ့မှာ အရိုးအရင်းမြစ် အကြောင်းကို မပြောတာပဲ ကောင်းလိမ့်မယ်။ မဟုတ်ရင် စိတ်မကောင်းစရာတွေ ဖြစ်ကုန်လိမ့်မယ်။

သူတို့တတွေကလွဲရင်… လင်းဖုန်းက စိစစ်ထားတဲ့ အလားအလာ တန်ဖိုးကောင်းတဲ့ သူတွေထဲမှာ… ရှောင်ယန်ရဲ့ မိဘုရားလောင်းလေး ရှောင်ကျန်းအာဟာ အရိုးအရင်းမြစ် ၉မှတ်… သဘောပေါက် နားလည်နိုင်စွမ်းက ၈မှတ်… စုစုပေါင်းလိုက်ရင် ၁၇မှတ် ရှိပါတယ်။

ယွဲ့ဟုန်ယန်ရဲ့ အရိုးအရင်းမြစ်ရော… သဘောပေါက် နားလည်နိုင်စွမ်းကပါ ၈မှတ်ဆီဆိုတော့… ပေါင်းလိုက်ရင် ၁၆မှတ် ရပါတယ်။

ရိုးရှင်းစွာနဲ့ ပြောရရင်… ယန်ချင်ရဲ့ အရိုးအရင်းမြစ်နဲ့ သဘောပေါက် နားလည်နိုင်စွမ်းတို့က ၉မှတ်ဆီ ရနေတာဟာ… ပန်းတိုင် အစစ်အမှန်တို့ကို ပိုင်ဆိုင်ထားတဲ့ ရှောင်ယန်နဲ့ ဇူရီတို့ထက်တောင် ပိုများနေပါသေးတယ်။

လင်းဖုန်းက ယန်ချင်ကို တည့်တည့်ပဲ စိုက်ကြည့်နေခဲ့ပါတယ်… "မင်းက မင်းရဲ့ သဘာဝ အစစ်အမှန်ကို မဖော်ပြထားဘူးပဲ… ဒီအတိုင်း ဆိုရင်တော့ မင်းရဲ့ စိတ်စွမ်းအားနဲ့ ကောင်းချီးမင်္ဂလာကလည်း… နေပါဦး!"

ကောင်းချီးမင်္ဂလာက ၈မှတ်ပဲရတယ်။

ဒါက ဇူရီကို မယှဉ်နိုင်ပေမဲ့… ရှောင်ယန်.. ရှောင်ပုတန်နဲ့ ဝမ်လင်းတို့ထက်တော့ အောက်မကျပါဘူး။ သူက လူတွေအများကြီးရဲ့ အထဲကနေ မဟာလမင်း အကြွင်းမဲ့ရေကို ရယူနိုင်ခဲ့တာ အဆန်းတော့ မဟုတ်ပါဘူး။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now