အပိုင်း ၂၀၄ : မဟာကောင်းကင် တာအိုကျမ်းစာ အခန်း၂

Start from the beginning
                                    

ဒါပေမဲ့လည်း စွမ်းရည်စိစစ်တဲ့ ကိရိယာက ယန်ချင်ရဲ့ အလားအလာ တန်ဖိုးတွေကို ဖော်ပြလိုက်တော့… လင်းဖုန်းဟာ အံ့အားသင့်သွားခဲ့ပါတယ်… "ဘာဖြစ်သွားတာလည်း? ယန်ချင်ရဲ့ ဂိုဏ်းကလည်း ဒုက္ခရောက်သွားတာလား?"

ယွဲ့ဟုန်ယန်ကလည်း ဒီအတိုင်းပါပဲ… အခု ယန်ချင်ကလည်း ဒီအတိုင်း ဖြစ်နေခဲ့ပါတယ်။

လင်းဖုန်းဟာ ရုတ်တရက်ပဲ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလိုမျိုး ခံစားလာခဲ့ရပါတယ်… "ငါ့မှာလည်း ကျိန်စာသင့် အထီးကျန်ကြယ် ဖြစ်ဖို့ ကံပါလာတယ်လို့တော့ မပြောပါနဲ့။ ငါနဲ့ တွေ့တဲ့သူတွေက ဂြိုလ်ဆိုးဝင်ကုန်ကြတာလား?"

ဒီတွေ့ရှိမှုဟာ လင်းဖုန်းကို မပျော်မရွှင် ဖြစ်စေခဲ့ပါတယ်။ ဒါက သူ့ကို ကံကြမ္မာ ကြီးမားတဲ့ လူတစ်ယောက်လို့ နိမိတ်ဖတ်လို့ ရပေမဲ့… ဂြိုလ်ဆိုးဗွေဆိုး ဖြစ်ရခြင်းဟာ ပျော်ရွှင်ဖို့ကောင်းတဲ့ အရာတစ်ခု မဟုတ်ပါဘူး။

အထူးသဖြင့် လင်းဖုန်းဟာ 'အထီးကျန်ဖြစ်ဖို့ ဇာတာပါလာတယ်' ဆိုတဲ့ စာသားကို တွေးမိတာနဲ့… ပိုပြီးတော့ တုန်လှုပ်လာခဲ့ပါတယ်… "မင်းကငါ့ကို လာနောက်နေတာလား? ငါက ဒီလိုကြီးတော့ မဖြစ်ချင်ပါဘူး!"

သူ့ရဲ့ခေါင်းကို ခါလိုက်ပြီး… လင်းဖုန်းဟာ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်ပါတယ်… "ငါက နေရာဒေသ အသီးသီးက ကျိန်စာသင့် အထီးကျန် ကြယ်တွေနဲ့ ကံစပ်နေတာပဲ ဖြစ်မှာပါ။ ဒီလိုပဲ ဖြစ်ရမှာပဲ…"

သူ့ရဲ့စိတ်ထဲက လျှောက်တွေးနေတဲ့ အတွေးတွေကို မောင်းထုတ်လိုက်ပြီး… လင်းဖုန်းဟာ ယန်ချင်ရဲ့ အလားအလာ တန်ဖိုးတွေရဲ့ အပေါ်မှာ အာရုံစိုက်လိုက်ပါတယ်။ သူ့ရဲ့ မျက်လုံးတွေဟာ အချက်အလက် တွေရဲ့ အပေါ်မှာ စိုက်ကြည့်နေခဲ့ပြီး… အံ့အားသင့်နေခဲ့ပါတယ်။

အရိုးအရင်းမြစ်ရော.. သဘောပေါက် နားလည်နိုင်စွမ်းပါ ၉မှတ်ရပါတယ်။

မြတ်စွာဘုရား!

လင်းဖုန်းဟာ သူ့ရဲ့ ခေါင်းကိုမော့လိုက်ပြီး… ယန်ချင်ကို ကြည့်လိုက်ကာ ရင်ထဲက လှုပ်ရှားနေခဲ့ပါတယ်… "မင်းကလည်း ပါရမီရှင်လေး တစ်ယောက်ပဲ!"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now