အပိုင်း ၁၉၈ : မှန်ကန်သော လည်ပတ်မှု

Start from the beginning
                                    

လင်းဖုန်းက အဲ့ဒီသေတ္တာလေးကို ပါးစပ်အဟောင်းသားနဲ့ စိုက်ကြည့်နေခဲ့ပါတယ်… "နောက်ထပ်တစ်ခု လာပြန်ပြီလား?"

သူက သေချာစွာ ကြည့်နေရင်း နောက်ထပ် ထူးခြားတဲ့ အချက်တစ်ခုကို သတိထားမိလိုက်ပါတယ်။ တကယ်လို့များ လျှို့ဝှက်သေတ္တာလေးဟာ အထဲမှာ ပစ္စည်းတစ်မျိုးသာ ပါခဲ့ရင်… သူဟာ လုံးဝအနက်ရောင် ဖြစ်နေခဲ့ပြီး သူ့ရဲ့အပေါ်မှာ မေးခွန်းအမှတ်တစ်ခု ပေါ်နေခဲ့တာပါ။ နောက်ထပ်တခြား ကွဲပြားတဲ့ အမှတ်အသားတွေ မရှိခဲ့ပါဘူး။

ဒါပေမဲ့လည်း တစ်မျိုးဝယ် သုံးမျိုးရ သေတ္တာလေးမှာတော့… အနက်ရောင် ကိုယ်ထည်ပေါ်မှာ ငွေရောင်လိုင်းလေးတွေ ရှိနေသေးတာပါ!

ပြီးတော့လည်း အခုအချိန်မှာ လင်းဖုန်းရဲ့ အရှေ့မှာ ပေါ်လာခဲ့တဲ့ အနက်ရောင် သေတ္တာလေးမှာ… ငွေရောင်လိုင်းလေးတွေကို တွေ့မြင်နိုင်ပါတယ်။ ဒါက အခုလေးတင် စက်ဝိုင်းကားချပ် စနစ်ထဲက ထွက်လာခဲ့တဲ့ သေတ္တာလေးနဲ့ တစ်ပုံစံတည်း တူနေခဲ့တာပါ။

"ဘာဖြစ်လို့ ငါ့ရဲ့ကံက ဒီနေ့မှာ ဒီလောက်အထိ ကောင်းနေရတာလည်း? မနက်ဖြန်မှာ ငါ့ကို မိုးကြိုးပစ်မယ်လို့ ဆိုလိုနေတာလား မသိပါဘူး?" လင်းဖုန်းရဲ့ စိတ်တွေဟာ လှုပ်ရှားနေခဲ့ပြီး တွေးနေခဲ့ပါတယ်… "နောက်ပိုင်းမှာ ကြုံရမယ့် ကံကောင်းခြင်းတွေကို ဒီတစ်ခေါက်နဲ့ အကုန်လုံး သုံးပစ်လိုက်တာတော့ မဟုတ်လောက်ပါဘူးနော်… ဟုတ်တယ်မို့လား?"

ဒီသေတ္တာလေးကို ပြန်ပေးလိုက်ရမလား ဆိုတာကိုတောင် မသေချာနေခဲ့ပါဘူး။

သူက ပြန်ပေးလိုက်ရင်လည်း… ဘာအဓိပ္ပာယ် ရှိမှာလည်း?

"ဟင်! ဟာသပဲ!" လင်းဖုန်းရဲ့ စိတ်အခြေအနေတွေဟာ မြင့်တက်လာခဲ့ပြီး… ဒီလျှို့ဝှက်သေတ္တာလေးကို ဖိလိုက်ပါတယ်… "တစ်နေ့နေ့မှာတော့ လူတိုင်းက သေမင်းနဲ့ ရင်ဆိုင်ရမှာပဲ… လက်ရှိအချိန်မှာပဲ ရှင်သန်နေရမှာပဲ… ပွင့်စမ်းကွာ!"

သေတ္တာဟာ ပွင့်သွားခဲ့ပြီး… အလင်းတန်း စက်လုံးလေး သုံးခုဟာ ပျံသန်းထွက်လာခဲ့ပါတယ်။

ဒါကတော့ နောက်ထပ် တစ်ခါဝယ် သုံးမျိုးရခြင်းပါ!

အလင်းတန်း စက်လုံးနှစ်ခုဟာ မှေးမှန်သွားခဲ့ပြီး… လင်းဖုန်းရဲ့ လက်ထဲကို ပစ္စည်းလေး နှစ်ခုဟာ ကျလာခဲ့ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeOn viuen les histories. Descobreix ara