အပိုင်း ၁၉၄ : ချစ်ကြည်ရေး မီးလျှံ

Start from the beginning
                                    

အထူးအခြေအနေတွေ အောက်မှာ… တကယ်လို့များ သူဟာ မှော်တိုက်ပွဲတစ်ခုကို ပါဝင်တိုက်ခိုက်နေတယ် ဆိုရင်တော့… သူဟာ အသက်အပိုတစ်ချောင်းကို ရရှိနိုင်တယ်လို့ မှတ်ယူရမှာပဲ ဖြစ်ပါတယ်။

သူ့ရဲ့ အသုံးဝင်မှုဟာ တိုက်ပွဲတွေမှာသာ အကန့်အသတ်ရှိတာ မဟုတ်ပါဘူး။ ကျင့်ကြံသူ တစ်ယောက်ဟာ တစ်ဆို့ကြန့်ကြာနေတဲ့ အခြေအနေကို ရောက်ရှိနေခဲ့ရင်… နောက်ထပ်အဆင့် တစ်ခုကို ချိုးဖောက်ပြီးမှ တက်နိုင်ဖို့အတွက်… မြောက်မြားလှတဲ့ မှော်စွမ်းအင်တွေကို လိုအပ်ပါတယ်။
ဒါကြောင့်မို့… ဒီကျင့်ကြံသူရဲ့ မှော်စွမ်းအင်ဟာ မလုံလောက်တော့ရင်… သူဟာ စကြာဝဠာ ကောင်းကင်ဆေးလုံးကို စားသုံးလိုက်ပြီး… သူ့ရဲ့ မှော်စွမ်းအင် ရေအိုင်ကို ချက်ချင်းပြန်လည် ဖြည့်တင်းနိုင်ကာ… တစ်ချက်တည်းနဲ့ တစ်ဆို့ကြန့်ကြာနေတဲ့ အခြေအနေတွေကို ကျော်ဖြတ်သွားနိုင်မှာပဲ ဖြစ်ပါတယ်။

ဆေးလုံးတွေနဲ့ မှော်အိုင်တမ်တွေကို ထုတ်လုပ်သန့်စင်နေတဲ့ အချိန်တွေမှာလည်း… တစ်ယောက်ဟာ အလားတူ ဆေးလုံးတွေကို စားသုံးခြင်းအားဖြင့်… သူ့ရဲ့ မှော်စွမ်းအင် ရေအိုင်ကို ဆက်လက်ထိန်းသိမ်း ထားနိုင်ပြီး… ဒီဖြစ်စဉ်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်မှာပဲ ဖြစ်ပါတယ်။

ဒီကောင်းကင်ကုန်သည်များ ဂေဟာမှာလည်း အရင်က စကြာဝဠာ ကောင်းကင်ဆေးလုံးတွေကို လေလံပစ်ဖူးပါတယ်။ ဒီဆေးလုံး တစ်လုံးဟာ ခရမ်းရောင် အဆောင်လက်ဖွဲ့ လေးဒေါ်လာနဲ့ လေလံအောင်သွားတယ် ဆိုတော့… သူ့ရဲ့ တန်ဖိုးကို မှန်းဆနိုင်ပါတယ်။

သူဟာ တန်ဖိုးကြီး အိုင်တမ်တစ်ခု ဖြစ်ပေမဲ့… ဒီစကြာဝဠာ ကောင်းကင်ဆေးလုံးဟာ ကုန်ခမ်းသွားနိုင်တဲ့ အိုင်တမ်မျိုးဖြစ်ပြီး… သူ့ရဲ့ ပမာဏဟာ တစ်ခါသုံးလိုက်တိုင်း လျော့နည်းသွားမှာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီပိတ်ဆို့ခြင်း တံဆိပ်ကတော့… မှော်စွမ်းအင် ပြန်လည်ဖြည့်တင်းမှုကို ကြိမ်ဖန်များစွာ ပြန်လည် အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

စွန်းဖူဟာ ဘေးပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်ပြီး ဖြေးဖြေးချင်းပဲ… "ဒီပိတ်ဆို့ခြင်း တံဆိပ်ရဲ့ ဖွင့်ဈေးကတော့… ခရမ်းရောင် အဆောင်လက်ဖွဲ့ လေးဒေါ်လာပဲ ဖြစ်ပါတယ်။ နောက်ထပ် ဈေးတိုးပေးရင်… အနည်းဆုံး အနီရောင် အဆောင်လက်ဖွဲ့ ငါးရာတိုးရမှာပဲ ဖြစ်ပါတယ်…"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now