အပိုင်း ၁၉၀ : နေရာယူကြမယ်!

Start from the beginning
                                    

"အခုတော့ ငါက ဒီမီးတောက်စွမ်းအားကို တိုးမြှင့်စေဖို့ နည်းလမ်းတစ်ခုကို တွေ့ထားပြီ။ ငါက အစစ်အမှန် မဟာသူရိယ အကြွင်းမဲ့ မီးတောက်ကို လေ့ကျင့်ပြီးသွားလို့ရှိရင်… မင်းကို တစ်စိတ်တစ်ပိုင်း ပြန်ပေးမှာပေါ့…"

ထွမ်းထွမ်းကလည်း ပြန်မေးလိုက်ပါတယ်… "ရှင့်မှာက ရှီဟော်မြက်ပင် ရှိလို့လား? ဒီအိုင်တမ်လေးက မဟာလွင်တီးခေါင် ကုန်းမြေမှာ မျိုးတုံးလုနီးပါး ဖြစ်နေပြီရှင့်…"

လင်းဖုန်းရဲ့ အပြုံးတွေဟာ နွေဦးနေဝန်းလိုမျိုး နွေးထွေး တောက်ပလာခဲ့ပြီး… "ငါက မင်းကို အမြဲတမ်း ကောင်းကောင်းပဲ ဆက်ဆံခဲ့တာ… မင်းက တစ်ခုခု မှားနေပြီလို့ထင်ရင် ဒါက မင်းရဲ့ ပြဿနာပဲ…"

လင်းဖုန်းဟာ သူ့ရဲ့ အင်္ကျီလက်စကို ခါယမ်းလိုက်တော့… အလင်းတန်း လှောင်အိမ်ရဲ့ အပြင်ဘက်မှာ အနက်ရောင် အရာဝတ္တု တစ်ခုဟာ ကျဆင်းလာခဲ့ပါတယ်။

ဒါကတော့ ဂန်ဂျင်ကျားဘုရင်ရဲ့ အလောင်းတစ်ခြမ်းပဲ ဖြစ်ပါတယ်။ သူဟာ ပုံပျက်နေခဲ့ပြီ ဖြစ်ပေမဲ့… မျက်စိကျိန်းလောက်အောင် တောက်ပနေသေးပြီး… မစဉ်းစားနိုင်တဲ့ စွမ်းအားတွေကို ထုတ်လွှတ်နေလို့ပါ။

အမှန်ကတော့ လင်းဖုန်းက လောကနှစ်ပါး လေဟာနယ် မန္တန်နဲ့… ဒီအလောင်းကို နှစ်ပိုင်းပိုင်းထားတာပါ။ သူ့ရဲ့ လက်ဗလာနဲ့ ခွဲခြမ်းမယ် ဆိုရင်တော့… ဒီလောက်အထိ လွယ်ကူမှာ မဟုတ်ပါဘူး။

ထွမ်းထွမ်းရဲ့ အကြည့်တွေဟာ ဂန်ဂျင်ကျားဘုရင်ရဲ့ အလောင်းအပေါ်ကို ကျရောက်သွားခဲ့ပြီး… သူမရဲ့ မျက်လုံးတွေကို မရွှေ့နိုင်တော့ပါဘူး။ သွားရေတစ်မြားမြားနဲ့… "ဂန်ဂျင်ကျားမိစ္ဆာရဲ့ အလောင်း? ပြီးတော့လည်း မိစ္ဆာသခင် အဆင့်မှာ ရှိနေတာ…"

ဒါဟာ အလောင်းတစ်ခြမ်းပဲ ဖြစ်ပေမဲ့… ထွမ်းထွမ်းဟာ သူ့ကိုမျိုချပြီး သူမရဲ့ ရုပ်ကိုယ်ခန္ဓာကို ပြန်တည်ဆောက်နိုင်ပါတယ်။ သူမရဲ့ အရင်အဆင့်ကို တိုက်ရိုက်ပြန်မရနိုင်ပေမဲ့… သူမဟာ လူသားတွေရဲ့ ရွှေရောင်ဗဟိုချက် အဆင့်နဲ့ တူညီတဲ့… မိစ္ဆာအုပ်ချုပ်သူ အဆင့်ကို ပြန်ရနိုင်မှာပဲ ဖြစ်ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now