အပိုင်း ၁၈၉ : အစီအစဉ်ကို စင်းလုံးချောဖြစ်အောင် ကြံစည်ခြင်း

Start from the beginning
                                    

ယန်တုန်ဟွေကလည်း… "ဂိုဏ်းချုပ်လင်းက ဟန်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေးကို လာတက်တာလားဗျ?"

"ဟုတ်တယ်ဗျ…" လင်းဖုန်းကလည်း ပွင့်ပွင့်လင်းလင်းပဲ ပြန်ဖြေလိုက်ပါတယ်။ ယန်တုန်ဟိုင်က အချိန်အနည်းငယ်လောက် စဉ်းစားလိုက်ပြီး ပြုံးလိုက်ကာ… "ဂိုဏ်းချုပ်လင်းက နောက်သုံးရက်မှာ ကျင်းပမယ့်… ကောင်းကင်ကုန်သည်များ ဂေဟာက ပြုလုပ်မယ့် လေလံပွဲကို တက်ဦးမှာလား?"

တွက်ချက်မှုပေါင်းများစွာ ပြုလုပ်ပြီးသွားတော့… လင်းဖုန်းရဲ့ စိတ်ထဲမှာ အတွေးလေး တစ်ခုဟာ ရုတ်ချည်းပေါ်လာခဲ့ပါတယ်။ သူက ယန်တုန်ဟွေကို အသုံးချပြီးတော့… သူ့ရဲ့ အစီအစဉ်တွေကို စင်းလုံးချောအောင် လုပ်လို့ရတာပဲ။

အသေအချာ စဉ်းစားလိုက်ပြီးနောက်မှာ လင်းဖုန်းက ပြုံးလိုက်ပြီး… "ကျုပ်အတွက်တော့ ဒါဟာ လေလံပွဲကိုလာတာ ပထမဆုံးအကြိမ် ဖြစ်တဲ့အတွက်ကြောင့်… ဘယ်လိုသတ်မှတ်ချက်တွေ ရှိသလည်း မသိဘူး။ လိုအပ်ချက်တွေ.. စည်းကမ်းချက်တွေများ ရှိသလားဗျ?"

လင်းဖုန်းက ဒီစကားကို ပြောလိုက်တော့… တစ်ချိန်လုံး ငြိမ်သက်နေခဲ့ပြီး ကောင်းကင်ကို တွေတွေကြီး မော့ကြည့်နေခဲ့တဲ့… မြောင်ရှီးဟောင်ဟာ နောက်ဆုံးမှာတော့ သတိပြန်ဝင်လာခဲ့ပြီး… လင်းဖုန်းကို တစ်ချက်ကြည့်လိုက်ပါတယ်။

လင်းဖုန်းကလည်း သူ့ကို ပြန်ကြည့်လိုက်ပြီး ဘာကိုမှ မပြောခဲ့ပါဘူး။

မြောင်ရှီးဟောင်ကလည်း နှုတ်ခမ်းတွေကို စူလိုက်ပြီး… မျက်နှာကို မဲ့ပြလိုက်ကာ ခေါင်းကိုငုံ့လိုက်ပြီး ဘာကိုမှတော့ ထပ်မပြောခဲ့ပါဘူး။

ယန်တုန်ဟွေဟာ တက်ကြွစွာနဲ့ မြောင်ရှီးဟောင်က အစောက ပြောပြထားခဲ့တဲ့… လေလံပွဲမှာ လိုအပ်တဲ့ အချက်သုံးချက်ကို လင်းဖုန်းကို ပြောပြနေခဲ့ပါတယ်။

လင်းဖုန်းကလည်း ခေါင်းကို ညိတ်လိုက်ပြီး… "ဪ… ကျုပ်က ထောက်ခံပေးမယ့်သူ တစ်ယောက်လိုတာပေါ့…"
ယန်တုန်ဟွေကလည်း လင်းဖုန်းနဲ့ အတူတူ ရှိနေခဲ့တဲ့ မြောင်ရှီးဟောင် ရှိရာဆီကို တစ်ချက်လှမ်းပြီးတော့ ကြည့်လိုက်ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now