အပိုင်း ၁၈၈ : တရားမျှတရမှာပေါ့

Start from the beginning
                                    

ပိုင်ကျန်း အကြီးအကဲဟာ ထိတ်လန့်တုန်လှုပ်နေခဲ့ပြီး… ဘေးပတ်ဝန်းကျင်ကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်နေခဲ့ကာ သူ့ရဲ့အဖော်တွေကို ရှာနေခဲ့ပါတယ်။ ပြီးတာနဲ့ သူ့ရဲ့ဘေးက အပေါင်းအဖော်တွေ အားလုံးဟာ ပျောက်ကွယ်သွားခဲ့ပြီ ဆိုတာကို တွေ့ရှိလိုက်ရပါတယ်… သူဟာ ဒီကမ္ဘာကြီးမှာ တစ်ယောက်တည်း ကျန်နေခဲ့သလိုပါပဲ။

ဒါကလည်း ပိုင်ကျန်း အကြီးအကဲ တစ်ယောက်တည်းမှ မဟုတ်ပါဘူး။ စူတောင်က ကျင့်ကြံသူ လေးယောက်စလုံးဟာ… သူတို့က ပြင်ပက ခရမ်းရောင် ကမ္ဘာထဲမှာ တစ်ယောက်တည်း ပိတ်အလှောင် ခံနေရသလိုမျိုး ခံစားနေကြရတာပါ။

ပြင်ပကမ္ဘာမှာတော့… ကောင်းကင်မာစတာ ဓားဂိုဏ်းက ယန်တုန်ဟွေတို့ အုပ်စုရော… ယုဝမ်ဖုန်းရဲ့ ယုမိသားစုက ကျင့်ကြံသူတွေကပါ… လင်းဖုန်းကို အံ့အားသင့်စွာနဲ့ မျက်လုံးပြူးပြီး ကြည့်နေကြတာပါ။

လင်းဖုန်းကလည်း လေဟာနယ်ပေါ်မှာ တည်ငြိမ်စွာနဲ့ ရပ်နေခဲ့ပါတယ်။ သူ့ရဲ့အောက်က မြေကြီးပေါ်မှာက စူတောင်က ကျင့်ကြံသူတွေကို ဖမ်းဆီးထားတဲ့… သိပ်သည်းလှတဲ့ ခရမ်းရောင် တိမ်တိုက်တွေနဲ့ ဖွဲ့စည်းထားတဲ့  ပြီးပြည့်စုံတဲ့ ကုဗတုံးလေးပါ။

သူတို့ဟာ ပြင်ပကမ္ဘာကနေ ကြည့်နေခဲ့ပေမဲ့… ယန်တုန်ဟွေနဲ့ ကျန်တဲ့သူတွေဟာ ဒီကမ္ဘာ အသေးလေးထဲက အစိတ်အပိုင်း တစ်ခုဟာ… ကျန်တဲ့ အစိတ်အပိုင်းတွေနဲ့ မရောထွေးနေပဲ သီးသန့် တည်ရှိနေကြတယ် ဆိုတာကို ပြောနိုင်ခဲ့ပါတယ်။ ပြီးတော့လည်း အစိတ်အပိုင်း တစ်ခုဆီဟာ သူ့ရဲ့ ကိုယ်ပိုင် တောင်တန်းတွေ.. မြစ်ချောင်းတွေ.. လေ.. နေမင်း.. လမင်း စတဲ့ တကယ့်ကမ္ဘာမှာ ရှိတဲ့ အရာတွေ အားလုံးနဲ့ ဖွဲ့စည်းထားကြတာပါ။

"ဒီလောက်အထိ အဆင့်မြင့်တဲ့ အဆင့်အတန်းနဲ့… သဘာဝနဲ့ သက်ရှိတွေကို ဖန်တီးနိုင်တယ်ဆိုတော့… ဒီလူက ဘယ်သူများလည်း?" လင်းဖုန်းရဲ့ မှော်ကျိန်စာဟာ အလွန်အမင်းကို များပြားတဲ့ မှော်စွမ်းအင်တွေကို မသုံးစွဲထားတဲ့ အတွက်ကြောင့်… ယုဝမ်ဖုန်းကလည်း စဉ်းစားရ ခက်နေခဲ့ပါတယ်။

သူ့ရဲ့ လေဟာနယ်တွေကို ကျင်လည်စွာ ပြုပြင်ပြောင်းလဲနိုင်တဲ့ အရည်အချင်း… သက်ရှိတွေကို ဆင့်ခေါ်နိုင်တဲ့ စွမ်းရည်… ဒါတွေဟာ ယုဝမ်ဖုန်းလိုမျိုး စီနီယာ အဆင့်ရှိတဲ့ အခြေတည်ဝိညာဉ် အဆင့်က ကျင့်ကြံသူကိုတောင်မှ… ပဟေဠိတွေ ဖြစ်စေခဲ့ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now