အပိုင်း ၁၈၂ : ငါ့ရဲ့ အပျံစား ညီအစ်ကို ရှီးဟောင်

Start from the beginning
                                    

"အင်း… ဒီသင်္ကန်းစလေးကို တွေ့လိုက်ရတော့… ငါက အဆုံးမဲ့ အလင်းတန်း တထာဂတ မန္တန်ရဲ့ အနှစ်သာရ အကြွင်းအကျန်တွေကို ခံစားမိနိုင်လုနီးပါး အထိကို ဖြစ်သွားတာပဲ။ 'အစာငတ်ပြီးမှ သေသွားတဲ့ ကုလားအုတ်ဟာ မြင်းထက်တော့ ကြီးသေးတယ်' ဆိုတဲ့ ဆိုရိုးစကားဟာ တယ်မှန်တာပဲကွ…"

လင်းဖုန်းဟာ သူ့ရဲ့ခေါင်းကို ခါလိုက်ပြီး… ရွှေရောင်အလင်းတန်း ဖျော့ဖျော့လေးတွေကို ထုတ်လွှတ်နေခဲ့တဲ့… ရေမွှေးအိတ်ထဲက အနီရောင် အစေ့တွေကို ယူလိုက်ပါတယ်။ "အင်း… သူက အလွန်ကိုမှ အစွမ်းထက်လှတဲ့ သင်္ကန်းကနေ ဆင်းသက်လာခဲ့ပေမဲ့… အခုအချိန်မှာ အပိုင်းအစလေး အဖြစ်နဲ့သာ ကျန်နေခဲ့တော့ အသုံးဝင်မှုက အကန့်အသတ်တော့ ရှိတာပဲ။ ဒါပေမဲ့လည်း ဒီမျိုးစေ့တွေက အတော်ကိုပဲ ထူးခြားလှပါတယ်…"

အစပထမကတော့… လင်းဖုန်းဟာ ဒီရေမွှေးအိတ်လေးကို ချုပ်လုပ်ထားတဲ့ အဝတ်စရဲ့ အပေါ်မှာ အာရုံစိုက်နေခဲ့တာပါ။ ခဏကြာမှာသာ သူက ဒီရေမွှေးအိတ်လေးရဲ့ အထဲမှာ ပါတာတွေဟာ… အလွန်အဖိုးတန်လှတဲ့ စိတ်ဝိညာဉ် မြက်ပင်ဖြစ်တဲ့ ရှီဟဲမြက်ပင်ရဲ့ မျိုးစေ့တွေ ဖြစ်တာကို တွေ့ရှိလိုက်ရပါတယ်။

ဒီရှီဟဲမြက်ပင်ရဲ့ အစစ်အမှန် တန်ဖိုးဟာ ဒီလောက်အထိတော့ မမြင့်လှပါဘူး။ သူဟာ ဆေးဝါးဖော်စပ်တဲ့ နေရာမှာရော.. မှော်အိုင်တမ်တွေကို ဖန်တီးတဲ့ နေရာမှာပါ အထူးအသုံးဝင်တာမျိုး မဟုတ်ပါဘူး။ အမှန်အတိုင်း ဆိုရရင် သူကို တွေ့နိုင်ဖို့ရာက အလွန်ကို ခဲယဉ်းလှပြီး… မျိုးတုံးလုနီးပါး ဖြစ်နေတာပါ။

ကံကောင်းစွာနဲ့ပဲ… ဒီမူလကောင်းကင် ကမ္ဘာကြီးမှာ သူ့ကို လိုအပ်မှုက သိပ်မများခဲ့ပဲ… သူ့ရဲ့ အရေအတွက်ဟာ နည်းပါးပေမဲ့ ဘယ်သူကမှ သိပ်ပြီးတော့ ဂရုမစိုက်နေခဲ့ပါဘူး။

ဒါပေမဲ့လည်း လင်းဖုန်းအတွက်ကတော့ မတူပါဘူး။ သူဟာ ဒီရှီဟဲမြက်ပင်ကို အလွန်ပဲ တန်ဖိုးထားနေခဲ့တာပါ။ ဘာဖြစ်လို့လည်းဆိုတော့… သူဟာ မဟာသူရိယ အကြွင်းမဲ့ မီးတောက်ရဲ့ လောင်စာအဖြစ် သုံးနိုင်တဲ့ တစ်ခုတည်းသော စိတ်ဝိညာဉ်ဆေးပင် ဖြစ်နေလို့ပါပဲ!

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now