အပိုင်း ၁၇၂ : ရက်ရောလှစွာသော ဆုလာဘ်!

Start from the beginning
                                    

လင်းဖုန်းကလည်း မိန်းမခန်းဆောင်ရဲ့ ခေါင်းဆောင်က ဗလာနတ္တိ အစိမ်းရောင် ဆေးမီးဖိုလေးကို လိုချင်တဲ့ အကြောင်းကို ပြောထားတာကို မှတ်မိသွားပြီး… သူ့ရဲ့ မျက်မှောင်အစုံကို ကြုတ်လိုက်ပေမဲ့ ဘာကိုမှာ ဆက်မပြောခဲ့ပါဘူး။

လင်းဖုန်းက ချန်ချွန်းတောင်အောက်ကို ဆင်းသွားခဲ့ပြီး… သူ့ကို စောင့်နေကြတဲ့ ခန်းနန်ဟွာနဲ့ ယွဲ့ဟုန်ယန်တို့ကို သွားတွေ့လိုက်ပါပြီ။

"ဟဲဟဲ… တာအိုရောင်းရင်းတို့… ခင်ဗျားတို့က အဆင်ပြေကြတယ်မလား?" လင်းဖုန်းက ပြုံးပြီးမှ မေးလိုက်ပါတယ်။

ခန်းနန်ဟွာက သက်ပြင်းချလိုက်ပြီး… ရင်ကွဲပက်လက် ဖြစ်နေတဲ့ အမူအရာမျိုးနဲ့ ဘာကိုမှ ပြန်မပြောခဲ့ပါဘူး။

လင်းဖုန်းကလည်း အနည်းငယ် အံ့ဩသွားခဲ့ပြီး သူ့ဘေးမှာ ရှိနေတဲ့ ယွဲ့ဟုန်ယန်ကို ကြည့်လိုက်ရာ… ပုံမှန်ဆိုရင် ခေါင်းမာတက်ကြွနေတတ်တဲ့ မိန်းကလေးရဲ့ မျက်လုံးအစုံဟာ အနည်းငယ် နီရဲနေခဲ့တာကို တွေ့လိုက်ရပါတယ်။

"ပြင်းထန်သောမုန်တိုင်း အဖွဲ့အစည်းက ပြိုကွဲသွားခဲ့ပြီ!"

လင်းဖုန်းကလည်း မှင်သက်သွားခဲ့ပြီး ပါးစပ်အဟောင်းသားနဲ့ ယွဲ့ဟုန်ယန်ကို စိုက်ကြည့်နေခဲ့ကာ… ဘာကိုမှ မပြောနိုင်ခဲ့ပါဘူး။

ဒါတွေက ဘယ်လိုမျိုး မျက်လုံးတွေလည်း? သူတို့ဟာ ပြင်းထန်တဲ့ မုန်တိုင်း မတိုက်ခတ်သေးခင်မှာ ဖြစ်နေတဲ့ ကောင်းကင်ပုံစံနဲ့ ရေခဲလိုမျိုး အေးစက်နေခဲ့ပေမဲ့… သူ့ရဲ့ အလယ်မှာတော့ ပြင်းထန်လှတဲ့ မီးတောက်မီးလျှံတွေနဲ့ အတူ တောက်လောင်နေခဲ့တာပါ။

အစွန်းရောက်နေတဲ့ နာကျည်းမှုတွေနဲ့ ဒေါသထွက်မှုတို့ကို ဒီမျက်လုံးအစုံရဲ့ အတွင်းမှာ သိပ်သည်းစွာနဲ့ ဖိနှိပ်ထားခဲ့တာလေ… သူတို့ကို မီးတောက်နေတဲ့ အနီရောင် မုန်တိုင်းတိမ်တိုက်တွေလိုမျိုး ပြောင်းလဲစေခဲ့တာပါ။

လင်းဖုန်းကလည်း ခန်းနန်ဟွာကို စိုက်ကြည့်လိုက်ပြီး… သူ့ရဲ့ ရင်ထဲက မကျေနပ်မှုတွေနဲ့ အားမလို အားမရ ဖြစ်နေမှုတွေကို ခံစားနိုင်ခဲ့ပါတယ်။ သူက အခုအချိန်မှာ ဘာပြောရမှန်းကို မသိတော့ပါဘူး။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now