အပိုင်း ၁၇၀ : ကဲ... မိတ်ဆွေ... ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ခဏငှားပါဦး

Start from the beginning
                                    

ပြီးတော့ အပြင်က ဆေးဝါးတစ်ရာ ဂရန်းမာစတာနဲ့ လင်းဖုန်းတို့ကသာ တိုက်ပွဲထဲကို ဝင်လာခဲ့ရင်တော့ သူ့ရဲ့အခြေအနေဟာ ကောင်းနိုင်တော့မှာ မဟုတ်ပါဘူး။

ဒါကြောင့်ပဲ တခဏချင်း အတွင်းမှာ… ဂန်ဂျင်ကျားဘုရင်ဟာ သူရဲဘောကြောင်တဲ့ ဘတ်စ်တလီ အနက်ရောင် နဂါးကို လျှစ်လျူရှုလိုက်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

သူ့ဟာ သူ့ရဲ့ ခန္ဓာကိုယ်ကို မီလီမီတာလောက် သေးငယ်တဲ့ ရွှေရောင် အလင်းစက်လေး တစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး… ရေထဲက ငါးတစ်ကောင်ပမာ အထီးကျန် မိုးကြိုးကိုးလွှာ နတ်ဘုရား လိုက်ကာရဲ့ အပေါက်လေးတွေ ထဲကနေ ဖြတ်သန်းသွားခဲ့ကာ… လျှပ်စီးမိုးကြိုးတို့ရဲ့ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်ပါပြီ။ တခဏလေး အတွင်းမှာပဲ… သူဟာ အထီးကျန် မိုးကြိုးကိုးလွှာ နတ်ဘုရား လိုက်ကာရဲ့ တိုက်ခိုက်မှုကနေ လွတ်ရာကို ရောက်သွားခဲ့ပါတယ်။

သူ့ရဲ့ နဂိုမူလ ပုံစံကို ပြန်လည် ဖန်ဆင်းပြီးတာနဲ့ ဂန်ဂျင်ကျားဘုရင်ဟာ ပြုံးဖြီးဖြီးနဲ့… "ဟဲဟဲ… တကယ်လို့များ မဟာ လွင်တီးခေါင် ဓားဂိုဏ်းက အဘိုးကြီး ဟွမ်လေကိုယ်တိုင်က ဒီမှော်အိုင်တမ်ကို အသုံးချမယ် ဆိုရင်တော့… ငါက ရှောင်နိုင်ချင်မှ ရှောင်နိုင်မှာပေါ့။ ကြည့်ရတာတော့ မင်းကို အထင်ကြီးမိတာ မှားသွားပြီ ထင်တယ်ကွ?"

ပြီးတာနဲ့ သူဟာ ပုံစံတစ်မျိုး ပြောင်းလိုက်ပြီး လင်းဖုန်းရှိရာဆီကို ခုန်အုပ်လိုက်ပါပြီ။

ကျဲယုကလည်း ဒီမြင်ကွင်းကို ကြည့်နေခဲ့ကာ အနောက်အနည်းငယ် ဆုတ်လိုက်ပြီး… "ဟီးဟီး… ငါက ဒီကောင့်ကို ကျားဘုရင်သတ်တာ စောင့်ကြည့်နေရုံပဲ… ပြီးသွားရင် ငါက လွတ်လပ်ရေး ရပြီကွ!"

ဆေးဝါးတစ်ရာ ဂရန်းမာစတာရဲ့ ကောင်းကင်ခွဲခြမ်း သစ်သီးဟာ လေပေါ်မှာ လွင့်မျောနေဆဲဖြစ်ပြီး… သူ့ကို မထုတ်လွှတ်လိုက်သေးပဲ သူက လင်းဖုန်းကို ကြည့်လိုက်ပြီး… "ကဲ… ငါ့ကို အထီးကျန် မိုးကြိုးကိုးလွှာ နတ်ဘုရား လိုက်ကာကို မြန်မြန်ပေးလိုက်စမ်း။ မင်းက တော်တော်ကို အသုံးမကျဘူးပဲ… ဒီလောက် အရေးကြီးတဲ့ အချိန်မှာ ဒီလို ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ကို ချရဲတယ်!"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now