အပိုင်း ၁၅၉ : မော်တယ် စိတ်ဝိညာဉ် ဆေးလုံး

Start from the beginning
                                    

ဒီအတုအယောင် ဗဟိုချက်ရဲ့ ထူးခြားတဲ့ ဓာတ်ပစ္စည်းတွေကြောင့်.. သူဟာ သေခြင်းရော.. ရှင်ခြင်းရောပါ ပါဝင်နေတဲ့ စိတ်ဝိညာဉ် ဓာတ်တွေ ပါဝင်နေတာပါ။ သူဟာ စိတ်ဝိညာဉ် စွမ်းအင်တွေကိုသာ အထောက်အပံ့ ပေးနိုင်ရုံတင် မကပဲ… အရေးအကြီးဆုံး အပိုင်းဖြစ်တဲ့ သေမင်းရဲ့ အတားအဆီးတွေကိုလည်း ကျော်လွှားနိုင်အောင် ကူညီပေးမှာလည်း ဖြစ်ပါတယ်။

အခြေခံအုတ်မြစ် နောက်ဆုံး အဆင့်မှာ ရောက်နေကြတဲ့ ကျင့်ကြံသူ တစ်ချို့ကလည်း… ဒီနည်းလမ်းကို အသုံးပြုပြီးမှ ဗဟိုချက်ကို ဖွဲ့စည်းနိုင်မှာပါ… ဒါပေမဲ့လည်း သူတို့ကတော့ အတုအယောင် လုံခွက်ကိုတော့ မလိုတော့ဘူးပေါ့။

ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူတွေကလည်း… ဒီအတုအရောင် လုံခွက်နဲ့ ဗဟိုချက်ကို သူတို့ရဲ့ ကိုယ်ပိုင် ခန္ဓာကိုယ်ထဲကို သွင်းလိုက်ပြီး… လုံခွက်ကို အခြေခံအနေနဲ့ အသုံးပြုပြီး ဗဟိုချက်ရဲ့ စွမ်းအားကြီးတဲ့ စိတ်ဝိညာဉ် စွမ်းအင်ကို အာဟာရ အဖြစ်နဲ့ သုံးစွဲကာ… နောက်ထပ် ရွှေရောင်ဗဟိုချက် တစ်ခုကို ဖော်ဆောင်ဖို့ အခွင့်အရေး ရှိပါတယ်။

ဆေးမီးဖိုဟာ ဆေးအမယ်တွေကို ပုံသွင်းနိုင်သလိုမျိုး… သူကလည်း အောင်မြင်စွာနဲ့ ပုံသွင်းနိုင်ခဲ့လို့ ရှိရင်တော့… သူ့ရဲ့ ရွှေရောင်ဗဟိုချက်ဟာ အဆင့် နောက်တစ်ဆင့်ကို တက်သွားမှာပါ။

လင်းဖုန်းဟာ အနည်းငယ်ထပ်ပြီး တွေးတောလိုက်တဲ့ အခါမှာ… အားနည်းချက် အချို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး… မေးစရာ မေးခွန်းလေးတွေ ရှိလာခဲ့ပါတယ်။

ဒီနည်းလမ်းဟာ ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူ တစ်ယောက်ရဲ့ ရွှေရောင် ဗဟိုချက်ကို အဆင့်မြှင့်ပေးနိုင်ပေမဲ့… သူဟာ အဆင့်လေးက အဝါရောင် ဗဟိုချက်ကို အဆင့်သုံး အစိမ်းရောင် ဗဟိုချက် အဖြစ်သာ ပြောင်းပေးနိုင်မှာပါ။

တကယ်လို့များ အစိမ်းရောင် ဗဟိုချက်ကနေ ထပ်ပြီးတော့ အဆင့်ထပ်မြှင့်ချင်တယ် ဆိုရင်တော့… သူ့ရဲ့ အောင်မြင်မှုနှုန်းဟာ သုညနီးပါး ဖြစ်သွားမှာလေ။ တကယ်လို့များ သူက အခြေခံအုတ်မြစ် အဆင့်က ကျင့်ကြံသူတွေကို ဗဟိုချက်ကို ဖော်ဆောင်ပေးခဲ့မယ် ဆိုရင်လည်း… အတုအယောင် ဗဟိုချက်ကနေ အင်အားကို ယူရတဲ့အတွက် သူက အဆင့်အနိမ့်ဆုံး အဝါရောင် ဗဟိုချက်သာ ရနိုင်မှာပါ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now