အပိုင်း ၁၅၈ : လျှို့ဝှက်ဆေးဖော်ခန်း

Start from the beginning
                                    

ပိန်းပိတ်အောင် မှောင်မည်းနေတဲ့ အမှောင်ထုရဲ့ အထဲမှာ… လင်းဖုန်းရဲ့ မျက်လုံးတွေကတော့ အရင်လိုမျိုးပဲ လင်းလက်နေခဲ့ပြီး… အမှောင်ထုကြီးဟာ သူ့ရဲ့ မြင်ကွင်းကို နည်းနည်းကလေးမှ အနှောင့်အယှက် မပေးနိုင်ခဲ့ပါဘူး။

လင်းဖုန်းဟာ တခါးတစ်ပေါက်ရဲ့ အရှေ့ကို ရောက်လာခဲ့ပေမဲ့… သတိလက်လွတ်နဲ့ ဆွဲဖွင့်ခြင်းမျိုးကို မပြုလိုက်ခဲ့ဘူးလေ။ ဒါက ဆေးဝါးတစ်ရာ ဂရန်းမာစတာရဲ့ လျှို့ဝှက်ဆေးဖော်ခန်း ဖြစ်တယ်ဆိုတော့… သူဟာ တခြားသူတွေ အလွယ်တကူ ဝင်ရောက်နိုင်ခြင်းမျိုး မရှိအောင်… ကြိုတင်ကာကွယ်ခြင်း ပေါင်းစုံတို့ကို လုပ်ထားမှာပါ။

မဟူရာ တိမ်တိုက်အလံရဲ့ သယ်ယူပို့ဆောင်ခြင်း စွမ်းရည်ကို အသုံးချလိုက်ကာ… လင်းဖုန်းဟာ နရံကို ဖြတ်ကျော်ပြီး တံခါးရဲ့ အခြားတစ်ဘက်ခြမ်းကို ရောက်သွားခဲ့ပါပြီ။

အဲ့ဒီမှာ သူ့ကို စောင့်ကြိုနေခဲ့တာက ဆေးဝါးတစ်ရာ ဂရန်းမာစတာက ကြိုတင်ခင်းကျင်းထားခဲ့တဲ့… ဝင်္ကပါထောင်ချောက် မျိုးစုံတို့ပါ။

ရွှေနဲ့ သတ္တုတို့ကိုတောင် ကိုက်ဖြတ်နိုင်တဲ့ နန်းကျန်းက ဧရာမ မျိုးပြောင်း လူသားစား ပုရွက်ဆိတ်ကြီးတွေ…

ရွှေတွေကိုတောင် တိုက်စားနိုင်ပြီး… ကျင့်ကြံသူတို့ရဲ့ မှော်စွမ်းအင်တွေကို ကုန်ခမ်းစေတဲ့ အနီရောင် မိစ္ဆာမြူခိုးငွေ့တွေ…

သားကောင်တွေကို အမြင်ဝေဝါးစေပြီး… အထင်မှား အမြင်မှား ဖြစ်စေတဲ့ အဖြူရောင် မီးခိုးငွေ့တွေ…

ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူတွေကိုတောင် ယှဉ်ပြိုင်နိုင်တဲ့… ဆေးဝါးတစ်ရာ ဂရန်းမာစတာရဲ့ စိတ်ညှို့ခြင်းကို ခံထားရတဲ့ ခက်ထန်တဲ့ မိစ္ဆာသားရဲတွေ…

ဒါပေမဲ့လည်း လင်းဖုန်းဟာ… သယ်ယူပို့ဆောင်ခြင်း စွမ်းရည်နဲ့ ဒီပိတ်ဆို့ တားဆီးမှုတွေ မှန်သမျှကို အလွယ်တကူပဲ ကျော်လွှားနိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း နောက်ဆုံး တစ်ဆင့်မှာတော့… လင်းဖုန်းဟာ အပိတ်ဆို့ခံလိုက်ရပါပြီ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now