အပိုင်း ၁၄၈ : နောက်ထပ်တစ်ခါ ပြန်ပြီးမှ ယှဉ်ပြိုင်ခြင်း

Start from the beginning
                                    

ချန်ကန်းရဲ့ မျက်နှာပေါ်က အကြောက်တရားဟာ အခုအချိန်မှာတော့... ပုံမှန်မဟုတ်တဲ့ တည်ငြိမ်အေးဆေးမှုတွေနဲ့ အစားထိုးသွားခဲ့ပါပြီ။ မြင့်မြတ်တဲ့ ဟင်းလင်းပြင် ဘုရားကျောင်းက လာခဲ့တဲ့အတွက်... သူဟာ လူတကာထက် သာတယ်ဆိုတဲ့ ခံယူချက်မျိုး ရှိနေခဲ့တာပါ။
တကယ်တမ်းက သူ့ဟာ သူ့ရဲ့ ရည်ရွယ်ချက်တွေ ပြည့်မြောက်ဖို့အတွက် အဆုံးတိုင် ကြိုးစားချင်နေခဲ့တာလေ။ သူ့ရဲ့ အစက ထွက်ပြေးတော့မလို လုပ်လိုက်ခြင်းဟာ ဟန်ပြသာဖြစ်ပြီး... သူ့ရဲ့ လင်းဖုန်းကို သတ်ချင်နေတဲ့ ရည်ရွယ်ချက်ဟာ နောက်ဆုံးမှာတော့ ပေါ်လာခဲ့ပါပြီ။

ငွေရောင် အလင်းတန်း နဂါးဟာ ပုံမှန်မဟုတ်တဲ့ အကွေ့အကောက်တွေနဲ့... လင်းဖုန်းကို ဝေ့ပတ်နေခဲ့ကာ... လျှင်မြန်လှတဲ့ အရှိန်နဲ့ ထိုးဆင်းလာခဲ့ပါတယ်။ လင်းဖုန်းရဲ့ လောကနှစ်ပါး လေဟာနယ် မန္တန်ဟာ ဒိုင်မန်းရှင်း အသေကိုသာ အကျိုးသက်ရောက် စေနိုင်တာမို့... ဘက်ပေါင်းစုံကို လျှင်မြန်စွာ ပြောင်းလဲလိုက်တာက... ချန်ကန်းကို ထောင်ချောက်ကနေ လွတ်မြောက်စေနိုင်ပြီး... အလစ်အငိုက် ချောင်းပြီးမှ တိုက်ခိုက်နိုင်ခဲ့တာပါ။

"ကမ္ဘာဖျက် နဂါး! ကောင်းကင် အလင်းတန်းတိုင်လုံး!" ချန်ကန်းက အမိန့်ပေးလိုက်ရာ... ငွေရောင်အလင်းတန်း နဂါးကနေပြီး ရွှေရောင်အလင်းတန်းလေး တစ်ခုဟာ ထွက်လာခဲ့ပါပြီ။

"ကောင်းကင်ကိုးလွှာ ဟိန်းဟောက်ခြင်း! ပြောင်းလဲစမ်း!" ပြီးတာနဲ့ ငွေရောင် အလင်းတန်း နဂါးဟာ ရွှေရောင်အတိ ပြီးသွားခဲ့ပြီလေ။ တိမ်လွှာတွေဟာ သူ့ရဲ့ ခြေထောက်အောက်မှာ အလွှာလိုက် ရှိနေကြပါတယ်... ဘုန်းတန်ခိုးကြီးတဲ့ ဘုရင်မင်းမြတ်ကို တိုင်းသူပြည်သားတွေက ခစားနေတဲ့ အတိုင်းပါပဲ။ အခုရွှေရောင် အလင်းတန်း နဂါးရဲ့ လူသတ်လိုစိတ်တွေဟာ လေထဲမှာ လွင့်ပျံပြီးမှ လာခဲ့ပါပြီ။

ဘယ်သူကများ သူ့ကို တားဆီးနိုင်မှာလည်း?

နဂါးဟာ သူ့ရဲ့ ခေါင်းကို ငုံ့လိုက်ပြီး... လေလှိုင်းလုံးကြီးတွေနဲ့အတူ လင်းဖုန်းကို ရိုက်ချလိုက်ပါတယ်... ယုံနိုင်ဖွယ်ရာ မရှိတဲ့ အမြန်နှုန်းမျိုးနဲ့ပါ။ နောက်ဆုံးမှာတော့... ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ တကယ် အစစ်အမှန် ခွန်အားကို ပြသခဲ့ပါပြီ! နဂါးရဲ့ စွမ်းပကားနဲ့ ချန်ကန်းရဲ့ ရွှေရောင် ဗဟိုချက်တို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုဟာ အမတန်ကိုမှပဲ ကြောက်စရာ ကောင်းလှပါတယ်!

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now