ယူရှောင်းမိုပြောတာကြားတော့ လင်းရှောင်က
ရပ်သွားကာ အလုပ်မလုပ်ဘဲ မြေကြီးပေါ်
ထိုင်နေသည့် သူ့ကိုကြည့်၍ ပြောလေသည်။

"အလုပ်က ထင်ထားတာထက် ပိုမြန်ပါတယ်။
သုံးပုံတစ်ပုံပဲကျန်တော့တယ်"

ယူရှောင်းမို ရှက်ကိုးရှက်ကန်းနှင့် ထရပ်လိုက်သည်။
သူတို့လက်ရှိလုပ်ငန်း၏လေးပုံသုံးပုံမှာ
လင်း​ရှောင်၏ ကြိုးစားအားထုတ်မှုကြောင့်ဖြစ်သည်။
သူက အရင်က လိုဏ်ခေါင်းမတူးဖူးသည့်အတွက်
ဒါက မလွယ်ဘူးဟု အမြဲခံစားရသည်။ ထို့ကြောင့်
လွန်ခဲ့သည့်နှစ်ရက်တွင် သူ များများစားစား
မတူးခဲ့ပေ။

"စိတ်မျက်လုံးရဲ့တည်နေရာက အတည်ပြုပြီးသွားပြီ
လား"

ယူရှောင်းမိုက သူ့ဆီလျှောက်သွားပြီး မေးလိုက်
သည်။ စိတ်မျက်လုံးက ဘိုးဘေးခန်းမဆောင်
အောက်မှာဆိုတာ သိထားပေမဲ့ ဘယ်လောက်
နက်တယ်ဆိုတာ မတွက်နိုင်တာကြောင့်
တူးနေတုန်းမှာ လက်တွေ့အတည်ပြုဖို့လိုအပ်သည်။

"ရခါနီးပြီ အရှေ့တောင်ဘက်မှာ..."

လင်းရှောင်က သူပြောနေသည့်စကားများကို
သရုပ်ဖော်ပြဖို့ ခြေဟန်လက်ဟန်လုပ်ပြသည်။
အကွာအဝေးနီးလာသည်နှင့်အမျှ သူ့ခံစားချက်က
ပိုရှင်းလင်းလာသည်။

ယူရှောင်းမိုက နားလည်မှုဖြင့် ခေါင်းညိတ်လိုက်
သည်။ အတည်ပြုပြီးပြီဖြစ်ရာ ပြီးခဲ့သည့်နှစ်ရက်က
ကဲ့သို့ ပန်းတိုင်အတိအကျမရှိဘဲ ဆက်တူးဖို့
မလိုတော့ပေ။

ထိုအချိန်တွင် အတားအဆီးကိုစောင့်နေသော
ရှောင်ဖင်း ရုတ်တရက် ပြေးဝင်လာသည်။

လင်းရှောင်က ဤအခြင်းအရာကို ပထမဆုံး
တွေ့ရှိသူဖြစ်သည်။ တစ်ယောက်ယောက် ဝင်လာ၍မှ
မဟုတ်လျှင် ရှောင်ဖင်း ဝင်လာမှာမဟုတ်ပေ။

သေချာပါ၏၊ သူတို့ဂူထဲ ပြန်သွားကြည့်လိုက်တော့
ဖူကျစ်လင်းက အတားအဆီးအပြင်ဘက်မှာ
ရပ်နေသည်။

ယူရှောင်းမိုမှာ တစ်ခဏ အံ့အားသင့်သွားပြီး
ချက်ချင်းပင် သူ့ကိုဝင်ခွင့်ပေးလိုက်သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now