Chapter-642 - ခွဲခွာနေရခြင်းက စိတ်နှလုံးကိုပိုမိုနှစ်သက်မှုဖြစ်စေသည်

Start from the beginning
                                    

"ဘယ်ရှိမလဲ။ ခင်ဗျား မေ့နေတဲ့တစ်ချိန်လုံး
ကျွန်တော့်မှာစိတ်ပူနေရတာ။ နောက်ပြီး ခင်ဗျား
နိုးမလာခဲ့ဘူးဆိုရင် တစ္ဆေသင်္ချိုင်းတောင်တန်းကြီး
တကယ်ပဲ မြေပြန့်ဖြစ်တော့မယ်"

"တစ္ဆေသင်္ချိုင်းတောင်တန်းကို ဘယ်သူက
မြေပြန့်ဖြစ်အောင်လုပ်ရဲမှာလဲ"

လင်းရှောင်က ထူးမခြားနားစွာမျက်ခုံးတစ်ဖက်
ပင့်လိုက်သည်။ သုံးလတိတိမေ့နေခဲ့ပေမဲ့လို့
ဆက်စပ်မှန်းဆကြည့်မှု အနည်းငယ်လုပ်လိုက်ရုံဖြင့်
လက်ရှိအခြေအနေအကြောင်း သူရှင်းပေသည်။

မြေပြန့်ဖြစ်အောင်လုပ်တာက ပြားကပ်သွားအောင်
ခြေထောက်နဲ့ဆောင့်နင်းတာလောက်မရိုးရှင်းပေ။

လူတွေအများကြီး သူတို့နဲ့ပူးပေါင်းချင်နေကြတဲ့
အကြောင်းကို ယူရှောင်းမိုကချက်ချင်းပဲ
စိတ်ပါလက်ပါပြောပြလိုက်သည်။ လူတွေဒီလောက်
အများကြီး သူတို့ရဲဘော်ရဲဘက်ဖြစ်ဖို့အတွက်
ပြေးလာကြတာ ဒါကပထမဆုံးပင်။ သူတို့နဲ့
သွေးစွေးနီမိသားစုတို့ကြားက ပဋိပက္ခရဲ့
ကောလဟလများ ထွက်ပြီးကတည်းက ငြိစွန်း
ခံရမှာစိုးကြ၍ ကျင့်ကြံသူတွေဟာသူတို့နဲ့
မကပ်ရဲခဲ့ကြပေ။

နားထောင်ပြီးသည့်နောက်တွင် လင်းရှောင်က
ဘာတုံ့ပြန်မှုမှမရှိဘဲ အမှုမဲ့အမှတ်မဲ့သာရှိသည်။

"ညီနောင်ရောင်းရင်းတို့ နောက်လိုက်တို့ဆိုတာ
အရေအတွက်ထက် အရည်အသွေးကိုတန်ဖိုးထားရ
တယ်။ ဒါ့အပြင် အခုက ပုံမှန်မဟုတ်တဲ့အချိန်တစ်ခု
သာသာပဲ။ အလောတကြီး လူလက်ခံရင်
အကြံဆိုးဉာဏ်ဆိုးနဲ့လူတွေအတွက် အခွင့်ကောင်းပဲ
ဖြစ်လိမ့်မယ်"

ဒါက လက်တွေ့ကရသည့် အမှန်တရားပင်။
မဟုတ်ရင် လင်းရှောင်သည် ထုံထျန်းတိုက်မကြီးမှာ
ထိပ်ဆုံး၌ရပ်တည်နေသော အင်အားစုဖြစ်သည့်
ထုံထျန်းနန်းတော်ကို မွှေနှောက်ဖို့အတွက်
ကျင့်ကြံသူတစ်ဒါဇင်လောက်ပဲ ခေါ်သွား၍
အောင်မြင်တော့ဖို့လက်တစ်ကမ်းအလို နောက်ဆုံး
အဆင့်မှာကျရှုံးစေခဲ့မည်မဟုတ်​ပေ။

"ဒါဆိုလည်း မေ့ထားလိုက်တော့။ ကျွန်တော်လည်း
ကျွန်တော်တို့နန်းတော်ထဲမှာ လူတွေသိပ်အများကြီး
မရှိစေချင်ဘူး"

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now