43 [Move in with Me]

Start from the beginning
                                    

"မင်းက တကယ်တော်တဲ့ အစ်ကိုတစ်ယောက်ပဲ"

ချူးယောင်ယွမ်က စိတ်ခံစားချက်အပြည့်နဲ့ ပြောလိုက်တယ်။

ထန်ကျန်းက ခါးသက်သက်ပြုံးလိုက်ပြီး ခေါင်းယမ်းလိုက်တယ်။ သူက ဘယ်လို အစ်ကိုမျိုးပါလိမ့် သူ့ရဲ့ ကွဲပြားတဲ့လိင်စိတ်တိမ်းညွှတ်မှုကြောင့် သူကပျော့ညံ့တဲ့ကောင်ပဲ ။ မွေးရပ်မြေက လူတော်တော်များများက သူ့ကိုတွေ့တဲ့အခါတိုင်း ရွံရှာကြတယ်။လိင်တူလက်ထပ်တာက တရားဝင်ဖြစ်နေရင်တောင် သူ့ညီမတွေပါ အနိုင်ကျင့်ခံရလေ့ရှိတယ်။သူတို့တွေက ကုန်လွန်သွားတဲ့ ရာစုနှစ်ကလူတွေလိုပဲ သူ့ကိုထူးဆန်းတဲ့လူတစ်ယောက်လို ဆက်ဆံကြတယ်။

သူ့အပေါ် အရမ်းကောင်းတဲ့ဆရာ တစ်ယောက်နဲ့ မတွေ့ခင်အချိန်ထိသူ့ကိုယ်သူ မကောင်းဆိုးဝါးတစ်ကောင်လို့ ထင်ခဲ့ဖူးတယ်။ဆရာက သူ့ကိုပြောခဲ့တယ် မင်းက ထူးဆန်းတဲ့လူတစ်ယောက်ဘူး၊ အပြင်ထွက်ကြည့်လိုက် ကမ္ဘာကြီးက မင်းထင်ထားတာထက် အများကြီးပိုကျယ်တာကိုတွေ့ရလိမ့်မယ်။ အချိန်တန်ရင် ကိုယ့်အရေးကြီးဆုံးအရာကို မင်းရှာတွေ့မှာပါ။

သူ့ဆရာကြောင့်သာ သတ္တိရှိရှိနဲ့ စာမေးပွဲကို ကြိုးစားပြီးဖြေနိုင်ခဲ့တယ်။ သူ့ကိုယ်သူမလှည့်စားတော့ဘဲ ဆရာမှန်တယ်ဆိုတာကို သက်သေပြခဲ့တယ်။

"မင်းရဲ့မွေးရပ်မြေက ဘယ်မှာလဲ"

ချန်ရှုကလှည့်လာပြီး ထန်ကျန်းကို မေးတယ်။

"မင်းမကြားဖူးလောက်ဘူး။ Yပြည်နယ်၊ M မြို့တော်က‌နေ ပိုဝေးတဲ့ နယ်မြို့လေးက ငါ့မွေးရပ်မြေပဲ။အထက်တန်းကျောင်းကတော့ မြို့တော်ထဲမှာပဲရှိတာ၊ နေ့တိုင်း မိုးမလင်းခင် နှစ်နာရီလောက်စောထပြီး ကျောင်းသွားရတယ်"

ထန်ကျန်း က သူတွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေကို အေးအေးဆေးဆေးပဲပြောပြလာတယ်။ အဲ့ဒါတွေက သူ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့တာ ကြာပါပြီ၊ ဒါက သူ့အတွက် ပုံမှန်ပါပဲ။

ဒါပေမယ့် ချူးယောင်ယွမ်လို မြို့တော်မှာ ကြီးပြင်းလာတဲ့ ကောင်လေးကတော့ တုန်လှုပ်သွားတယ်။

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now