Chapter-635- ထုံထျန်းနန်းတော်၊ ဂုဏ်သိက္ခာကျဆင်းရခြင်း

Start from the beginning
                                    

ပင့်ကူနက်အဖွဲ့က လျင်မြန်စွာကြီးထွားလာခဲ့သည်။
ယခင်ကလည်း သူတို့ကိုသိသူများစွာရှိခဲ့တယ်
ဆိုပေမဲ့ ယခုတွင် သူတို့က နေ့ခင်းကြောင်တောင်၌ပင်
တရားမဝင်မှောင်ခိုစီးပွားရေးအားလုံး လုပ်လာကြ
သည်။ ဤသို့ဖြစ်ရခြင်းမှာ ပင့်ကူနက်၏ခေါင်းဆောင်
ပေါ်ထွက်လာခဲ့တာကြောင့်ပင် ၊ နောက်ပြီး သူက
နတ်ဘုရားအဆင့်ကျင့်ကြံသူတစ်ယောက်လည်း
ဖြစ်သည်။ သူတို့က ထုံထျန်းနန်းတော်ပါဝင်သည့်
ထုံထျန်းတိုက်မကြီးရှိ အင်အားစုကြီး၁၄ခုထဲက
တစ်ခုအဖြစ်သို့ ရုတ်တရက်ပြောင်းလဲသွားသည်။

သို့သော် ပင့်ကူနက်ခေါင်းဆောင်က မည်သူမှန်း
ဘယ်သူမှမသိကြရပေ။

ဒါက ရှီကျင်းမှာ အုတ်အော်သောင်းနင်းဖြစ်စေခဲ့
သည်၊ ဘာကြောင့်ဆို ပင့်ကူနက်အဖွဲ့ရဲ့
အခြေစိုက်ရာက ရှီကျင်းမှာဖြစ်ပေမဲ့ ရှေးသားရဲ
မျိုးနွယ်ကြီးလေးခုလုံး ဒီအကြောင်း လုံးဝ
မကြားဖူးထားတာကြောင့်ပင်။ သူတို့ထိတ်လန့်
တုန်လှုပ်မှုကို တွေးကြည့်လို့ရသည်။

ပြီးလျှင် တောင်ပိုင်းတိုက်မကြီး၌ ဖူချန်ချုံး၏
တပည့်အကြီးဆုံးဇော့ယန်သည် ကြယ်တစ်ပွင့်
နတ်ဘုရားအဆင့်ကျင့်ကြံသူအဖြစ် အောင်မြင်စွာ
တက်လှမ်းသွားခဲ့၏။ ထိုမှစ ချန်မဟာမိတ်တွင်
နတ်ဘုရားအဆင့်ကျင့်ကြံသူနှစ်ယောက်ဖြစ်သွားပြီး
တိုက်ပွဲများစွာတွင် ရှုံးနိမ့်သွားခဲ့ကြသော
သွေးစွေးနီမိသားစုအတွက် ကြီးမားသော
ထိုးနှက်ချက်တစ်ခုဖြစ်သွားတော့သည်။

ကောလာဟလများအရ တိုက်ပွဲမြေပြင်၌
အင်အားမျှစေရန်ရည်ရွယ်ချက်ဖြင့်
ယူကျန်ထျန်းက သူ့မိသားစုအတွင်းက
ကျင့်ကြံသူများကိုလည်း အဆင့်တက်ကြဖို့
စီစဉ်ခဲ့သည်ဟုဆိုသည်။ သို့သော်လည်း
လောတာကအလကားပဲဆိုသလို စိတ်မရှည်မှု
များလေလေ ကျရှုံးဖို့ပိုများလေလေပင်။ ထို့အပြင်
နတ်ဘုရားအဆင့်တက်လှမ်းရန် ထိုမျှလွယ်ကူနေပါက
ကြယ်ခုနစ်ပွင့်နတ်ဒေဝါအဆင့်တွင် တစ်နေသူ
များစွာရှိနေမည်မဟုတ်ပေ။ သို့ဖြစ်ရာ သူတို့ထံမှ
သတင်းကောင်းဟူ၍ ယခုထိမရှိသေးပေ။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now