Vday Special Exter(Zgi)

Start from the beginning
                                    

*ဟား မင်းလေးကတော့ကွာ တကယ့်ကိုအကြောတင်းလေး*လိုချင်တာမရရင် တစ်နေကုန်သူ့ကို လှည့်မကြည့်တော့မဲ့ပုံစံမို့ ချန်းယောလ်မှာ ဒီမျက်နှာလေးကြည့်ရင်း နမ်းရှိုက်ပစ်ချင်စိတ်ကို ကားစီယာတိုင်အား ကျစ်ကျစ်ပါ​အောင်ဆုပ်ရင်း ထိန်းလိုက်ရသည်။

"ဟျွန်းငယ်ကိုယ့်ကိုစောင့်ဦးလေကွာ"

ကားရပ်တာနဲ့သူတံခါးလာဖွင့်ပေးတာကို စောင့်နေတက်တဲ့ကောင်လေးက အခုတော့လည်း သူ့ဘာသာဖွင့်ဆင်းပြီး စားသောက်ဆိုင်ရှိရာ အပေါ်ထပ်ကိုခြေလှမ်းကြဲကြဲနဲ့ထွက်သွားပြန်တာမို့ အပြေးလေးလိုက်ရပြန်သည်။

"ဟျွန်းးငယ်"

အနားကိုရောက်တာနဲ့ လက်တစ်ဖက်ကိုဖမ်းဆွဲပြီး ရှတတ​လေးသံရှည်ဆွဲ​ခေါ်​တော့ အကြည့်တစ်ချက်စွန့်ကြဲလာသည်။

"ဘာဖြစ်နေတာလဲ"

"ဘာဖြစ်နေလို့လဲ!"

ဟောကြည့် ပြန်ဖြေလာသံလေးကိုက ဘောက်ဆက်ဆက်။
သူသာလေသံလေးမာကြည့် မျက်ဝန်းတွေကအချိန်ကိုက်ဗုံးတစ်လုံးလို ခုချက်ချင်းထပေါက်ကွဲတော့မဲ့ဟန်။

"ကုမ္ပဏီကထွက်လာတည်းက ကိုယ့်ကိုစိမ်းကားနေလိုက်တာ
ဟျွန်းငယ်မဟုတ်တဲ့အတိုင်းပဲကွာ"

"ပုံမှန်ပါပဲ"

"သြော် ပုံမှန်ပဲလား ကိုယ်က နည်းနည်းထူးနေတယ်ထင်လို့"

ဘတ်ဟျွန်းနီးတို့သည်းခံစိတ်က ဒီနေရာမှာဂိတ်ဆုံးပါပြီ။
နည်းနည်းထူးနေတယ်ထင်လို့ဟုတ်လား။
ဘေးက မထိတထိပြုံးပြီး ​ငေးကြည့်​နေတဲ့လူရဲ့ နားရွက်နှစ်ဖက်ကိုဆွဲလိမ်ပြီး ဒီမျက်နှာ၊ဒီပုံစံ၊ဒီ​အ​နေထားက​လေ အများကြီးထူးနေတာ အများကြီးထူးနေတာဆိုပြီး ဆွဲဆွဲလိမ်ပစ်ချင်တာအရမ်း။ဒီနေ့က ဘာနေ့မို့လဲ။သူမို့လို့မေ့ပစ်ရက်တယ်။မေ့ထားရက်တယ်။ချစ်သူတွေအတွက် ချစ်သူများနေ့ဆိုလည်းဟုတ်သလို သူနဲ့ကိုကို့တို့ရဲ့ ချစ်သူသက်တမ်းအရဆိုငါးနှစ်ပြည့်၊အိမ်​ထောင်သက်အရဆို နှစ်နှစ်ပြည့် အထူးနေ့လေးလေ။
ဒါကိုအလုပ်ပုံထဲခေါင်းစိုက်ပြီး မေ့ပစ်တာဖြစ်သင့်ရဲ့လား?

I Want YouWhere stories live. Discover now