Chapter-632-အကျဉ်းချခံရခြင်း

Start from the beginning
                                    

အမြင့်နေရာမှလူကို ယူရှောင်းမို လှည့်ကြည့်လိုက်
သည်၊ အဲ့ဒီလူက သူလာဖို့စောင့်နေတာမလား။

သူ တော်တော်လေးကျွဲမြီးတိုနေပြီဖြစ်သော်ငြား
လင်းရှောင်နှင့်တွေ့ရဖို့အတွက် ထိန်းထားရဦးမည်ပင်။

အနားရောက်သောအခါ သူတို့ပုံသဏ္ဍာန်ကို
အတည်ပြုနိုင်တော့သည်။

စွမ်းအားကြီးသူတစ်ယောက်ရဲ့ ထက်ရှပြီး
ထူးခြားပေါ်လွင်တဲ့ခွန်အားကို ထုတ်လွှင့်နေတဲ့
မျက်နှာသွင်ပြင်နဲ့ အပြစ်အနာအဆာမရှိ၊ ချောမောတဲ့
လူတစ်ယောက်။

ဤသူကို သေချာပေါက် သူ မြင်ဖူးသည်၊
တစ်ခါတည်းပဲဆိုရင်တောင် ဘယ်သူလဲဆိုတာ
ချက်ချင်းပြောနိုင်၏။

ထုံထျန်းဧကရာဇ်။ ထုံထျန်းနန်းတော်ရဲ့အုပ်ချုပ်သူ။

သူ့ကိုဒီခေါ်လာတာ ဒီလူလား။

ယူရှောင်းမို သတိကြီးကြီးဖြင့်ပြန်စဉ်းစားကြည့်သည်။

ထုံထျန်းဧကရာဇ်နဲ့သူနဲ့ တစ်ခါမှ
ထိတွေ့ဆက်ဆံခဲ့ဖူးခြင်းမရှိပေ၊
အချိန်နံရံမှာတုန်းကတောင် ရုပ်တုတစ်ခုပဲ
မြင်ခဲ့ရတာဖြစ်သည်။ သို့သော် ဒုတိယ
စမ်းသပ်ချက်၏အကြောင်းအရာကို
ပြန်တွေးကြည့်လျှင် အရာအားလုံးက
သံသယဖြစ်ဖွယ်ကောင်းနေသည်။

ထိုအချိန် ၊ ပလ္လင်ထက်ရှိ ထုံထျန်းဧကရာဇ်သည်
ဖြေးညင်းစွာ မျက်လုံးပွင့်လာ၏၊ သူ့မျက်လုံးများက
တောက်ပ၍ ကြောက်မက်ဖွယ်ကောင်းသည်။
ဘယ်အရာမှ သူ့မျက်စိထဲမဝင်တဲ့အလား
ခံစားရစေသည်။ ရုပ်တုကဲ့သို့ပင်၊
အခြားဘယ်သူကမှ လူသားမဟုတ်ဘဲ
ပိုးမွှားလေးတွေအလားပင်။

ထိုပုံစံကြောင့် သူရွံသွားတော့သည်။

သူ့အပေါ် ယူရှောင်းမိုရဲ့ပထမဆုံးအမြင်က
ထိုးကျသွားပေမဲ့လို့ ရှုံးချင်ရှုံး စိတ်ဓာတ်တော့
မရှုံးရပေ။ ထို့ကြောင့် ခေါင်းကိုမော့ ရင်ကိုကော့ပြီး
ဧကရာဇ်အား အေးစက်စွာကြည့်လိုက်သည်။

"မင်းကြောင့် မင်းရဲ့လူနဲ့ မင်းအဖေနဲ့
ထုံထျန်းနန်းတော်ကိုလာလာပြီး နှောင့်ယှက်နေ
ကြတယ်။ တစ်နှစ်လုံးပဲ... လူဆယ်နဲ့ချီ
ဒဏ်ရာရတဲ့သူရ..သေတဲ့သူသေကုန်ကြပြီ.."

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now