အဲ့နေ့က ငါနှလုံးသားတွေ သေဆုံးသွားခဲ့တယ် မင်းထားရစ်ခဲ့တော့ ဘယ်အရာကမှ  မင်းလောက်မမက်မောက်မောခဲ့မိတော့ ငါ့အတွက် အရာတိုင်းက အဆင်မပြေဘူးချစ်ရယ် !!

တစ်ယောက်က  ချစ်ရသူ နာကျင်မှာ ဆိုးလို့ စွန့်လွှတ်ပေးတယ်။ တစ်ယောက်ကလဲ ချစ်ရသူကို မထိခိုက်စေချင်လို့ စွန့်လွှတ်ပေးတယ်  အချစ်ကတော့အချစ်ပဲ မင်းတစ်ယောက်တည်းကို ချစ်တာပါလို့ မပြောရင်တောင် လက်တွေ့မှာ မင်းတစ်ယောက်ကိုပဲ ရူးရူးမိုက်မိုက်ချစ်ခဲ့တယ်။

အစထဲက ငါက စွန့်ပစ်ခံပဲ မင်းဆီက ရတဲ့ ကြင်နာမှုကိုပဲ ငါမြတ်နိုးတယ်  ငါသာယာတယ် ဒါပေမဲ့ မင်းမရှိတော့ရင် ဆိုတဲ့ အတွေး တွေးရမှာထက် ငါတို့တစ်မိုးအောက်မှာ ကောင်းကင်ကြီး တစ်ခုအောက်မှာပဲ ရှိနေကြသေးတယ် မဟုတ်လား  ?

/
/

မင်းကို လွမ်းတယ် ဂျီမင်ရယ် ငါတို့ မတွေ့တာတောင် 2နှစ်ကျော်ပြီး မင်းကို လွမ်းလွန်းလို့ မင်းမကြိုက်တဲ့ အရက်တွေ ဆေးလိပ်တွေကိုပဲ အဖော်ပြုနေမိတယ် ပြန်လာပါ ချစ်သူရယ် ငါ့ကို လာပြီး ဆူပါအုံး ငါမကြိုက်ဖူး မလုပ်နဲ့ ဆိုပြီး!

ထားသွားခဲ့သူထက် ကျန်ခဲ့ရတဲ့ သူက ပိုပြီး နာကျင်ရပါတယ် မင်းသိလား ?

ထပ်မသောက်နိုင်လို့ အခန်းထဲ ၀င်လိုက်တော့ အခန်းထဲမှ ပြည့်နှက်နေတာ သူအပုံလေးများစွာသာ  ကျွန်တော့်မွေးနေ့မှာ သူပေးခဲ့တဲ့ ကြက်ပေါက်ရုပ်လေး သေးသေးလေးကို ကျွန်တော် ရင်ခွင်ထဲ ထည့်ပြီး သူရဲ့ အငွေ့အသက်တွေကို တမ်းတနေမိတယ် အမှတ်တရတွေ ရှိလွန်းတဲ့ ဒီအခန်းလေးမှာ ငါသေမယ် ဆိုရင်တောင် ဒီထဲမှာပဲ သေပါရစေ  မင်းနဲ့ ရှိနေတယ်လို့ ခံစားရတဲ့ ခံစားချက်။ မျက်ရည်တွေ အလိုလို ကျမိ‌တယ်  ငါမငိုဘူး ငါမငိုချင်ဘူး ဒါပေမယ် မင်းနဲ့ ပတ်သက်ရင် ငါက အရူးတစ်ယောက်လိုပဲ  ငါ့နှလုံးသား တစ်ခုလုံး ဆုတ်ပြတ်သတ်သွားသလို ခံစားရတယ်

ငါ့ကို မချစ်ဖူးဆိုတဲ့ စကားတစ်ခွန်းနဲ့ ထားသွားတဲ့သူရယ်  မင်းပျော်နေရဲ့လား..... ?

(နောက်အပိုင်းက စပြီး အရှေ့ဆုံးအပိုင်းတွေဆီ ပြန်သွားပါပြီနော်  သူတို့ဆေးရုံမှာ ပြန်တွေ့တဲ့ အပိုင်း ရောက်ပါပြီ လွတ်နေမှာဆိုးလို့)

Fools ... ( Complete)Where stories live. Discover now