Chapter-631-ထူးဆန်းသောအခြေအနေ

Start from the beginning
                                    

တိုက်ခိုက်မှုက ရုတ်တရက်ဖြစ်ပြီး သူတို့ဘယ်က
ထွက်လာမှန်း ယူရှောင်းမိုတောင်မသိလိုက်ပေ။
သူ သတိမမူလိုက်မိလို့ပဲလား။

ဘယ်ဟုတ်မလဲ၊ သူ့ကျင့်ကြံဆင့်ကိုလည်း
ကြည့်ဦးလေ!

ကန္တာရဓားပြများသည် ကုလားအုတ်များစီးနင်းလျက်
ဓားများကိုင်ဆောင်ထားသော လူတစ်စုဖြစ်၏။
ကန္တာရတွင်အချိန်ကြာမြင့်စွာနေထိုင်ခဲ့ခြင်းကြောင့်
သူတို့ဟာလည်း အင်မတန်မှနေလောင်ထားကြသည်၊
သို့ပေမဲ့ သူတို့မျက်လုံးများကတော့ အဖွဲ့ကို
လောဘတကြီးကြည့်လျက် ရက်စက်သော
အပြုံးများနှင့်ချဉ်းကပ်လာရင်း
တောက်ပလျက်ရှိသည်။

အဖွဲ့မှယောက်ျားများသည် ဤလူများအား
သတိကြီးကြီးထားပုံပေါ်ပြီး ကုလားအုတ်များ
အောက်မှ တင်းပုတ်များဆွဲထုတ်ကာ ဓားပြများနှင့်
ထွက်၍ရင်ဆိုင်ကုန်ကြသည်။ မိန်းမနှင့်
ကလေးများမှာ ကတုန်ကယင်ဖြင့် တစ်ဦးနှင့်တစ်ဦး
ဖက်တွယ်ထားကြသည်။

ထို့နောက် ပထမတစ်​ယောက် သွေးဒလဟောဖြင့်
လဲကျသွားသည်....

ယူရှောင်းမို သံသယဖြစ်မိလာတော့သည်။
ဒါက ပုံရိပ်ယောင်လေ ဟုတ်တယ်မလား။
သို့သော်လည်း ထို့နောက်တွင် ဒုတိယတစ်ယောက်
တတိယတစ်ယောက် တစ်ယောက်ပြီးတစ်ယောက်
လဲကျသွားသောအခါ သူ့မှာလက်ပိုက်ကြည့်မနေ
နိုင်တော့ချေ။

ဒါကပုံရိပ်ယောင်ဆိုတော့ရော ဘာဖြစ်လဲ။
ထို့ကြောင့် သူလှုပ်ရှားလိုက်တော့သည်။

စွမ်းအားကြီးသော ကြောက်မက်ဖွယ်ဓားပြများမှာ
တစ်ပြိုင်နက်တည်းနီးပါးပင် ယူရှောင်းမို၏
ကိုင်တွယ်ခြင်းကိုခံလိုက်ရသည်။ ယူရှောင်းမိုက
သူတို့ကိုမသတ်ပေမဲ့ ကျင့်ကြံဆင့်ဖျက်စီးပြီး
လှုပ်မရနိုင်အောင် လုပ်လိုက်သည်။

ဤမြင်ကွင်းက ယောက်ျား၊ မိန်းမအားလုံးကို
မျက်လုံးများပြူးကျယ်သွားစေသည်၊
အမူအရာများက ယုံရခက်ခြင်းများပြည့်နှက်လျက်။
ထို့နောက် ယူရှောင်းမိုကိုကြည့်သောအခါ
သူတို့အမူအရာများက ခင်မင်မှုများမရှိတော့ပေ၊
ကြောက်ရွံ့ခြင်းနှင့် မုန်းတီးခြင်းလို့တောင်
ဆိုလို့ရသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now