အိမ်ထိန်းဦးလေးကို သူမေးကြည့်တော့ စစ်ရိချန်က တစ်ချိန်လုံးအခန်းထဲမှာပဲရှိနေပြီး အပြင်မထွက်လာပေ။

သူ့ကို ဗြောင်ကျကျ လုပ်ကြံပြီးတဲ့နောက် အနှောင့်ယှက်ထပ်မပေးဖို့ စစ်ရယ်က စစ်ရိချန်ကို သတိပေးပြီးပြီ။အဲ့ဒီအချိန်တုန်းက စစ်ရိချန်ကို ပြင်းပြင်းထန်ထန်အပြစ်ပေးခဲ့တယ်။ဘိုးဘွားခန်းမတွင် တစ်ညလုံး ဒူးထောက်ပြီး မိသားစုစည်းကမ်းကို သုံးရက်တိုင်တိုင် ကူးရေးခဲ့ရရုံသာမက ကုမ္ပဏီခွဲကလည်း ထုတ်ပယ်ခဲ့သည်။ အားလပ်ရက်မှာ အနားယူဖို့တောင် ခွင့်မရဘဲ လက်ထဲမှာရှိတဲ့ ကတ်တွေအားလုံး ပိတ်ခံလိုက်ရတယ်။

စစ်ရိချန်ကို စွန့်ပစ်တဲ့ စစ်ရယ်ရဲ့ သဘောထားကို မြင်ရတော့ ထောင်အဘွားကြီးလည်း ယခုတစ်ကြိမ်မှာ စစ်ရိချန်ဘက်က ကာကွယ်ပေးခြင်းမရှိတာကြောင့် စစ်မိသားစုတွင် စစ်ရိချန်နေရာလုံးဝပျောက်သွားကြောင်း တခြားသူတွေချက်ချင်းသဘောပေါက်လိုက်ကြသည်။စစ်ရိချန် မြင်တွေ့နေကြဖြစ်တဲ့သူများကလည်း လေဦးတည်ရာပြောင်းသွားသည်ကို သိတဲ့အချိန်ကစပြီး သူ့အပေါ် ဂရုစိုက်မှုလျော့နည်းလာကြတယ်။ ပြစ်ပယ်လို့မရတာပေမဲ့ အရင်ကလောက်ဂရုစိုက်မှုမရှိတော့ပေ။

စစ်ရိချန်လို အမြင့်မှာ အမြဲတမ်းမျက်နှာရခဲ့တဲ့လူအတွက် ဒီလို သေးငယ်တဲ့ ကွာဟချက်တစ်ခုက သူ့အတွက် ကြီးမားတဲ့အပြောင်းအလဲပင်။ စိတ်ပင်ပန်းကာအခန်းထဲမှာပဲ လဲနေပြီး တနေကုန် စိတ်ဓာတ်ကျကာ ကျောင်းမသွားနိုင်တာကြောင့် ချန်ရှုကို လုပ်ကြံဖို့ အစီစဉ်ဆွဲဖို့ဆိုတာ မဖြစ်နိုင်ဘူး။

စစ်ရိချန်မဟုတ်ဘူးဆိုရင် ဘယ်သူဖြစ်နိုင်မလဲ။

ချန်ရှုရဲ့အတွေးတွေက ထုန်ကျရှီဆီရောက်သွားတယ်။ ဖြစ်နိုင်ပါ့မလား။ ဒါမှမဟုတ် ဖန်ရှီကျီပြန်လက််စားချေဖို့လုပ်နေတာလား။မဟုတ်ရင်  သူ့အဖေကိုစော်ကားတဲ့ရန်သူလို ဆက်ဆံနေတဲ့ အစ်ကို ချန်ဟောင်လား။

ဖန်ရှီကျီက မဖြစ်နိုင်ဘူး။ ဖန်မိသားစုဆီပြန်ပို့ခံရပြီးနောက် အခြေအနေမကောင်းတာ သေချာတယ်။‌ရှာဖွေမှုဇယားထိပ်ဆုံးကို ရောက်ဖို့ ငွေကြေးအကုန်ကျက နည်းမှာမဟုတ်ဘူး။ ဖန်ရှီကျီက ငွေအကုန်ခံပြီး သူ့ကို ရှာဖွေဇယားမှာထိပ်ဆုံးဖြစ်အောင် ကြာရှည်မထားနိုင်ဘူး။

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now