Chapter-27{ဒီရင်ခုန်သံကမင်းအတွက်သာ}{Uni}

2.3K 154 11
                                    

{Unicode}

ဘုရားကနေ ညနေစောင်းမှ ပြန်လာဖြစ်ခဲ့
ကြ၏။ ကားပေါ်ကနေ ဆင်းတော့
ကွန်းကွန်းက သူ့လည်ပင်းလေးကို
ဖက်တွယ်ရင်း ငိုမဲ့မဲ့ဖြစ်နေရှာ၏။

"ဖေဖေ.. ကွန်းကွန်းတို့ဆီကို မြန်မြန်ပြန်လာ
ခဲ့နော်"

"ဖေဖေ အားတာနဲ့ တန်းပြန်လာခဲ့မယ်
ဟုတ်ပြီလား"

ကွန်းကွန်း မျက်ဝန်းတွင် မျက်ရည်ကြည်
တို့ပြည့်လျှံလာပြီး ရှင်း ကို မသွားစေချင်
ဟန်ဖြင့် လက်လေးကို ဖက်တွယ်ဆွဲထား
၏။

ရှင်းက ရတုကို မော့ကြည့်လေတော့ ရတု
က မျက်နှာလွှဲထား၏။

"သား...! ဖေဖေ သွားတော့မယ်နော်"

ရှင်းက ကွန်းကွန်း လက်လေးကို ခပ်ဖွဖွ
ဆုပ်ကိုင်ရင်း ပြောလိုက်တော့ ကွန်းကွန်းက
ငိုလေသည်။

"ဖေဖေ..မသွားပါနဲ့! ကွန်းကွန်းနဲ့ပဲ
အတူနေပါ။ ဖေဖေ့ကို ကွန်းကွန်း
ချစ်တယ်။ ကွန်းကွန်းဒီ့ထက်ပိုပြီး
ဖေဖေနဲ့ ပါပါး ပြောတာကိုနားထောင်
ပါ့မယ်။ ကွန်းကွန်း ဘာကိုမှလည်း
မပူဆာပါဘူး။ ကွန်းကွန်းကို
ထားမသွားပါနဲ့နော်"

ရှင်း လက်မောင်းလေးကို ဖက်တွယ်ရင်း
ငိုနေရှာသည့် သားဖြစ်သူရဲ့ ပါးပြင်ပေါ်က
မျက်ရည်စတွေကို လက်မလေးနှင့် ခပ်ဖွဖွ
ဖိသုတ်ဖယ်ရှားပေးလိုက်ရင်း...၊

"လိမ္မာပါတယ်..သားရယ်! ဖေဖေ နောက်
အပတ်ရောက်ရင် ပြန်လာခဲ့ပါ့မယ်။ သား
လေးကြိုက်တဲ့ မုန့်တွေ ဖေဖေ က်ိုယ်တိုင်
လုပ်ပြီး ယူလာခဲ့မယ်။ သားလေး ဒီလို
ငိုနေတာ မြင်တော့ ဖေဖေ လည်း ဝမ်းနည်း
တာပေါ့"

"ကွန်းကွန်း လိမ်လိမ်မာမာနေရင်
ကွန်းကွန်းဆီကို ဖေဖေ မြန်မြန်ပြန်လာ
မှာလား"

"ဒါပေါ့...! ဖေဖေ့သားလေးက သိပ်ကို
လိမ္မာလွန်းတဲ့ ကလေးလေး"

ကွန်းကွန်းကို ချော့မော့ပြောလိုက်ပြီး
ထ,ရပ်လိုက်၏။

"ရတု ကိုယ်သွားတော့မယ်နော်"

"အင်း..! သွားလေ"

ရတုက သူ့ကို မျက်နှာချင်းမဆိုင်ဘဲ
ဖြေလေသည်။

သူ ကျောခိုင်းလိုက်တော့ ပါးပြင်ပေါ်သို့
ပူနွေးသည့် မျက်ရည်များ လိမ့်ဆင်းကျ
လာ၏။

𝑊ℎ𝑒𝑛 𝑇ℎ𝑒 𝑀𝑎𝑝𝑙𝑒𝑠 𝐹𝑎𝑙𝑙 𝐼𝑛 𝐴𝑢𝑡𝑢𝑚𝑛 -မေပယ်လ်ကြွေသောဆောင်းဦးဝယ်Where stories live. Discover now