Chapter-18{အမုန်းဒဏ်ရာ}{Uni}

2K 179 20
                                    

{Unicode}

"သားလေး..."

ကားပေါ်ကနေ ဆင်းတာနဲ့ စိုးရိမ်စိတ်
ကြောင့် စံအိမ်ထဲကို လျင်မြန်နေသော
ခြေလှမ်းများဖြင့် ပြေးဝင်လာခဲ့ပြီး
သားလေးရဲ့အခန်းရှိသို့ပြေးတက်လာခဲ့
၏။

ရှင်းက ရတုနောက်ကနေ အေးဆေးစွာ
လျှောက်လာရင်း ဧည့်ခန်းတွင် ရှိနေသော
ဝန်ထမ်းကောင်မလေးကိုလှမ်းမေးလိုက်
၏။

"ဘာဖြစ်နေကြတာလဲ"

"သခင်မကြီးရဲ့ လက်စွပ်ပျောက်သွားလို့
စံအိမ်တစ်ခုလုံးကို ရှာခိုင်းရင်း ကိုရတုရဲ့
သား အဝတ်တောင်းထဲကနေ ပြန်တွေ့လို့
အခု အပေါ်ထပ်မှာ သခင်မကြီးနဲ့ပြဿနာ
ဖြစ်နေကြတာပါ..သခင်လေး"

"အင်း..! ငါနားလည်ပြီ မင်းသွားလို့ရပြီ"

ရှင်း ဓာတ်လှေကားကနေ စံအိမ်အပေါ်ထပ်
သို့တက်လာခဲ့သည်။ ကွန်းကွန်းရဲ့အခန်းရှေ့
တွင် လူစုံနေကြ၏။ အန်တီသွေးက ရတုနှင့်
ကွန်းကွန်းကို မျက်မုန်းကျိုးစွာကြည့်နေ၏။
ဘေးတွင်လည်း စံအိမ်၏ ဝန်ထမ်းများနှင့်
အိမ်တော်ထိန်းဦးခိုင်လည်းရှိနေ၏။

ကြီးကြီးဝေက ငိုရှိုက်နေသည့် ကွန်းကွန်း
လေးကို ပွေ့ဖက်ထားရ၏။ ရှင်း အဝေးက
နေသာ ထိုမြင်ကွင်းကိုလက်ပိုက်ကာ
သွေးအေးစွာရပ်ကြည့်နေ၏။

"မင်းရဲ့သားက ဒီလို ကလေးဘဝထဲက
အကျင့်စရိုက်မကောင်းရင် ကြီးလာရင်
ဘယ်လိုဖြစ်လာမလဲ? မင်းက အဖေ
တစ်ယောက်အနေနဲ့ မဆုံးမဘူးလား?
အင်းလေ..! ရှင်းကို လက်ထပ်ဖို့တောင်
နည်းလမ်းမျိုးစုံကိုအသုံချခဲ့တဲ့ သူဆို
တော့ ဒီပုတ်ထဲကပဲ၊ ဒီပဲ ပဲထွက်လာမှာပေါ့"

"ဒေါ်မြသွေးနီ..အန်တီက လူကြီး
တစ်ယောက်ဖြစ်ပြီး စကားပြောစဉ်ဆင်
ပါ။ အန်တီရဲ့အခန်းထဲဝင်ပြီး ကျွန်တော့်သား
က လက်စွပ်ကိုယူတယ်ဆိုတာ အန်တီ့အနေနဲ့
ဘယ်လို သက်သေပြမှာလဲ"

"နုသွယ်က သက်သေပဲလေ..မင်းရဲ့သား
အဝတ်ခြင်းထောင်းထဲကနေ နုသွယ်
ကိုယ်တိုင်တွေ့ခဲ့တာလေ။ ဒီ့ထက်ကောင်းတဲ့
သက်သေရှိသေးလို့လား"

"နုသွယ်ကကော ဘယ်လောက်ထိ
ယုံကြည်ရတဲ့ သူမို့လို့လဲ? အန်တီ့ရဲ့
လက်စွပ်ကိုမက်မောနေရအောင်
ကျွန်တော့်သားက အခုမှကလေးပဲ
ရှိသေးတာ..ဒီလောက် တန်ဖိုးကြီးတဲ့
ပစ္စည်းကို ခိုးယူတယ်ဆိုတာ ဘယ်လို
မှ မဖြစ်နိုင်ဘူး"

𝑊ℎ𝑒𝑛 𝑇ℎ𝑒 𝑀𝑎𝑝𝑙𝑒𝑠 𝐹𝑎𝑙𝑙 𝐼𝑛 𝐴𝑢𝑡𝑢𝑚𝑛 -မေပယ်လ်ကြွေသောဆောင်းဦးဝယ်Where stories live. Discover now