Chapter-17{ကံကြမ္မာပဲ့ကိုင်ရှင်}{Uni}

2K 165 19
                                    

{Unicode}

"ခွန်းသိုက်ကို မင်းရဲ့လက်ထောက်အဖြစ်နဲ့
ဒီကုမ္မဏီမှာ အလုပ်ခန့်မယ်ဆိုတာ ဘာသဘော
လဲ"

"ဘာသဘောဖြစ်ရမှာလဲ? လိုလို့ပေ့ါ"

"မင်းရဲ့ကောင်နဲ့ခဏတာတွေ့ရတာ အားမရ
လို့ ကုမ္မဏီထိတောင်ခေါ်ထားပြီပေါ့ ဟုတ်လား"

"ခင်ဗျား..စကားပြောဆင်ခြင်ပါ! ကျွန်တော်
ကလည်း ဒီကုမ္မဏီမှာ အရေးပါတဲ့ ရာထူးကို
ရထားတဲ့သူပါ။ ကျွန်တော့်သူငယ်ချင်းကို
ကျွန်တော့်ရဲ့လက်ထောက်အဖြစ်နဲ့အလုပ်ခန့်
ပိုင်ခွင့်တော့ ကျွန်တော့်မှာရှိပါတယ်။ အခု
ခင်ဗျားကို လာပြောတာက ခင်ဗျားခွင့်ပြုချက်
ကိုလာယူတာမဟုတ်ဘူး။ လာအသိပေးတာ။
ခဏနေ ကျွန်တော့်သူငယ်ချင်း ဒီကုမ္မဏီကို
ရောက်လာတော့မယ်"

ဦးရှင်းနှင့်စကားအချေအတင်ဖြစ်နေခိုက်
တံခါးခေါက်သံကြောင့် ကိုယ်စီပြန်ထိန်း
လိုက်ကြပြီး အခန်းထဲသို့ ခွန်းသ်ိုက်နှင့်အတူ
မသူဇာက ဝင်လာ၏။

"သူဌေးနဲ့ကော ကိုရတုနဲ့ကော တွေ့ဖို့ချိန်း
ထားတယ်ဆိုလို့ပါ"

"ဟုတ်ပါတယ်..မသူဇာ! သူက ကျွန်တော့်
သူငယ်ချင်းပါ။ ကျွန်တော့်ရဲ့လက်ထောက်
အဖြစ်နဲ့ ဒီကုမ္မဏီမှာ ဒီနေ့ကနေစပြီး အလုပ်
ဝင်မှာလေ။ မသူဇာလည်း မှတ်ထားပေးအုံး
နော်"

"ဟုတ်ကဲ့ပါရှင့်..ကျွန်မမှတ်ထားပါ့မယ်"

မသူဇာထွက်သွားတော့မှ ရတုက ခွန်းသိုက်
ကို ရှင်းနှင့်မိတ်ဆက်ပေးလေသည်။

"ဦးရှင်းသိပြီးသားလောက်ဆိုပေမဲ့
နောက်တစ်ခါထပ်ပြီး မိတ်ဆက်ပေး
ပါရစေ။ ခွန်းသိုက်က ဒီနေ့ကနေစပြီး
တော့ ကျွန်တော့်ရဲ့လက်ထောက်အနေနဲ့
ဒီကုမ္မဏီမှာအလုပ်ဝင်မှာပါ"

"ငါဘယ်တုန်းက ခွင့်ပြုလိုက်လို့လဲ"

"ဦးရှင်းခွင့်မပြုလည်း ကျွန်တော်ခွင့်ပြု
တယ်။ ဒီကုမ္မဏီမှာရှိနေတဲ့ ကျွန်တော့်ရဲ့
လုပ်ပိုင်ခွင့်ကိုလည်း ဦးရှင်းမမေ့ပါနဲ့"

"မင်းက မင်းရဲ့လုပ်ခွင့်ကိုအသုံးချပြီး
ငါ့ကိုစ်ိန်ခေါ်တယ်ပေါ့..၊ ရတယ်လေ..
ငါဘာလုပ်ပြနိုင်လဲဆိုတာ မင်းမကြာခင်
တွေ့မြင်လာစေရမယ်"

𝑊ℎ𝑒𝑛 𝑇ℎ𝑒 𝑀𝑎𝑝𝑙𝑒𝑠 𝐹𝑎𝑙𝑙 𝐼𝑛 𝐴𝑢𝑡𝑢𝑚𝑛 -မေပယ်လ်ကြွေသောဆောင်းဦးဝယ်حيث تعيش القصص. اكتشف الآن