Chapter -4{နှောင်ကြိုးငယ်}{Uni}

2.4K 197 7
                                    

{Unicode}

"အဖျားတော့မရှိပါဘူး...ဒီလိုပင်ပန်းပြီး
ပျို့အန်ချင်သလိုခံစားနေရတာ ဘယ်
အချိန်ကစပြီးတော့လဲ"

"တစ်ပတ်လောက်တော့ ရှိနေပြီ ဒေါက်တာ"

ဆေးရုံကုတင်ပေါ်တွင် လှဲလျောင်းနေသော
ရတုအား စမ်းသက်ပေးနေသည့် ဆရာဝန်မ
၏မျက်ခုံးနှစ်ဖက်သည် အနည်းငယ်မြင့်
တက်သွား၏။ တစ်ခုခုကို အလေးအနက်ပင်
တွေးတောနေသလို မျက်ခုံးတန်းနှစ်ခုဟာ
စုကျုံ့သွား၏။

"အဖျားတော့မရှိပါဘူး...လူက ပင်ပန်းနွမ်းနယ်
သလိုခံစားနေရတယ်၊ တစ်ခါတလေ အနံ့ပြင်း
ပြင်းတွေရလာတဲ့အချိန် ပျို့အန်ချင်လာတယ်"

"ကျွန်တော် ဘာဖြစ်လို့လဲ ဒေါက်တာ"

"ဒါက တကယ့်ကိုရှားပါးတဲ့ ဖြစ်ရိုးဖြစ်စဉ်
တစ်ခုပါ။ ကျွန်မ ဆရာဝန်ဖြစ်လာတဲ့ သက်
တမ်းတစ်လျှောက်လုံး ဒီလိုအခြေအနေမျိုး
ကို တစ်ခါမှမကြုံတွေ့ခဲ့ဖူးဘူး...ဒါက ပထမ
ဆုံးအကြိမ်ပါပဲ"

"ကျွန်တော် ဘာဖြစ်လို့လဲ ဒေါက်တာ..
ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ်"

"ဒီက မင်းဆီမှာ ကိုယ်ဝန်ရှိနေပြီ"

"ဗျာ...ကျွန်တော်ကလား? ဘယ်လိုလုပ်ဖြစ်
နိုင်မှာလဲ? ကျွန်တော်က ယောကျင်္ားလေး
တစ်ယောက်ပါ...ဘယ်လိုဖြစ်လို့ ကိုယ်ဝန်
ဆောင်နိုင်ရတာလဲ"

"ကျွန်မအတွေ့အကြုံအရဆိုရင် ကျွန်မက
ဒီအပိုင်းကို လေ့လာဖူးတဲ့အတွက် သေချာ
သလောက်တော့ရှိပါတယ်..ဒါက ဖြစ်ရိုး
ဖြစ်စဉ်တွေကနေ ကွဲထွက်ပြီး ဖြစ်နိုင်ချေက
၁ ရာခိုင်နှုန်းတောင် မရှိပါဘူး။ ဒါပေမဲ့ မင်းက
တော့ ဖြစ်နိုင်ချေရှိတဲ့ ရာခိုင်နှုန်းထဲက တစ်
ယောက်အပါအဝင်ပေါ့ ။ ဒါပေမဲ့ ပိုပြီးသေချာ
ဖို့အတွက် လိုအပ်တဲ့ ဆေးစစ်မှုတွေလည်း
အများကြီးလုပ်ရအုံးမယ်.."

ရတု ခေါင်းကို တသွင်သွင်ခါယမ်းလိုက်မိ၏။
သူ့ဗိုက်ထဲမှာ ကလေးတစ်ယောက်ရှိနေသည်
တဲ့လား။ ဒါဟာ မိန်းကလေးတစ်ယောက်
အတွက်ဆိုလျှင် ထူးဆန်းသည့် ကိစ္စမဟုတ်
ပေမဲ့ သူဟာ ယောကျင်္ားလေးတစ်ယောက်။
သူ့အသက်ဟာ အခုမှ ၁၉နှစ်သာရှိသေး၏။
ပညာရေးသည် တစ်ပိ်ုင်းတစ်စ။ ဒီလိုအချိန်
မှာ ဒီကလေးကို သူဘယ်လိုမွေးရပါ့မလဲ ?
ကျန်ရှိနေသည့် သူ့ဘဝကို သူဘယ်လိုဆက်
လက်ရှင်သန်ရပါ့မလဲ?

𝑊ℎ𝑒𝑛 𝑇ℎ𝑒 𝑀𝑎𝑝𝑙𝑒𝑠 𝐹𝑎𝑙𝑙 𝐼𝑛 𝐴𝑢𝑡𝑢𝑚𝑛 -မေပယ်လ်ကြွေသောဆောင်းဦးဝယ်Where stories live. Discover now