Chapter-1{ကံကြမ္မာ၏ ကျီစယ်မှု}{Uni}

5.6K 254 5
                                    

{Unicode}

မေဘယ်လ်ရွက်များဖြင့်ဖုံးလွှမ်းနေသော
ဂျပန်မြို့လမ်းလေးတစ်နေရာ။ မိုမီဂျီအပင်
လေးတွေယှက်လျက်သေသပ်စွာစိုက်ပျိုးထား
သော လမ်းလေးသည် မြင်ရသူတိုင်း၏ရင်ထဲ
နက်နဲသော ခံစားချက်တွေကိုပေးစွမ်းနိုင်စွမ်း
ရှိလောက်အောင်ပင်လှပလွန်းလှသည်။

ဆောင်းဦးလေးတစ်ချက်ဝှေ့တိုင်းဝေ့ကာဝိုက်
ကာဖြင့် ပင်ယံထက်မှမေဘယ်လ်ရွက်တို့သည်
ဖြည်းညင်းစွာဆင်းသက်လာကြသည်။

ဆောင်းဦး၏နေရောင်ခြည်နွေးဖျဖျအောက်
တွင်အေးစိမ့်စိမ့်ဆောင်းဦးလေပြည်လေးကို
ရှုရှိုက်ရင်း ကြွေကျလုဆဲဆဲဖြစ်နေသော
မေဘယ်လ်ရွက်လေးတွေကိုလိုက်လံကြည့်
ရှု့ရသော ခံစားချက်က ဘာနဲ့မှမလဲနိုင်
လောက်အောင်ပင်။

မေဘယ်လ်ပင်တွေနဲ့ဆောင်းဦးဆိုတာခွဲထား
လို့မရနိုင်လောက်အောင်ပင်လိုက်ဖတ်လွန်း
လှသောအလှတရားတစ်ခု။မေပယ်လ်ပင်တွေ
ကို ဂျပန်ပြည်မှာ 'ဆောင်းဦးကိုကြိုဆိုခြင်းလို့'
အဓိပ္ပာယ်သတ်မှတ်ကြ၏။

ဒီအပြင် မေဘယ်လ်ရွက်လေးတွေကို 'အချစ်
ရဲ့သင်္ကေတ'အဖြစ်လဲဆိုလိုနိုင်သေးသည်။

"ချပ်..........."

လည်ပင်းတွင်ဆွဲထားသော ကင်မရာလေးဖြင့်
လိမ္မော်နီရောင်၊နီရဲရဲစသည့် အရောင်စုံလင်စွာ
ဖြင့်လှပနေသော မေဘယ်လ်ပင်တွေကိုလက်ထဲ
က ကင်မရာဖြင့်ဓာတ်ပုံတဖျက်ဖျက်လိုက်ရိုက်
နေသော ရတု။

လိမ္မော်ရောင်ဦးထုပ်ဝိုင်းလေးကိုဆောင်းထား
ရင်း ဆွယ်တာအဝါနုရောင်လေးကိုဝတ်ဆင်
ထားသော ရတု ပုံစံလေးက မေဘယ်လ်ပင်
တွေကြားမှာ ကဗျာဆန်ဆန်ချောမောနေလွန်း
သည့်အပြင် င်လန်းဆန်းတတ်ကြွမှုတို့က
လည်းအပြည့်နေရာယူထား၏။

နေဝန်းရတု......၊

အသက်၁၉ နှစ်အရွယ်ရှိသော ရတု
ထံတွင် ဆယ်ကျော်သက်ကောင်လေးတစ်
ယောက်၏ အသွင်အပြင်တို့ အပြည့်အဝကို
ပင်နေရာယူထား၏။ ခပ်စူစူနှုတ်ခမ်းဖူးတွဲ
တွဲလေးသည် ပန်းရောင်လွှမ်းနေ၏။ နှာတံ
လေးသည် စဉ်းသော်လည်း ခပ်လုံးလုံး။
ထူထဲနေသော ညာဖက်မျက်ခုံးတန်းလေး
ပေါ်တွင် ထင်းနေသော မှည့်လေးတစ်လုံး။
အညိုရောင် ဆံပင်ပျော့လေးတို့သည် နှဖူး
လေးပေါ်သို့ ဝဲကျနေ၏။ ရှေ့သွားလေးနှစ်
ချောင်းသည် ရယ်လိုက်ချိန်တွင် ယုန်သွား
လေးနှယ် ထင်ထင်ရှားရှား။

𝑊ℎ𝑒𝑛 𝑇ℎ𝑒 𝑀𝑎𝑝𝑙𝑒𝑠 𝐹𝑎𝑙𝑙 𝐼𝑛 𝐴𝑢𝑡𝑢𝑚𝑛 -မေပယ်လ်ကြွေသောဆောင်းဦးဝယ်Where stories live. Discover now