Chapter-30{ကံကြမ္မာဖူးစာ}{ဇာတ်သိမ်းပိုင်း}{Uni}

3.2K 157 12
                                    

{Unicode}

"ဦးရှင်း..! သတိထားပါအုံး! ကျွန်တော်
ခေါ်နေတာကို ကြားတယ်မလား?"

ရတု အကျႋဖြူလေးတွင် ရှင်းရဲ့ သွေးများ
စွန်းထင်းနေလျက်ရှိပြီး ဖြူလွလွလက်
လေးမှာလည်း သွေးများနီရဲနေ၏။

လူနာတင်တွန်းလှည်းကိုကိုင်ထားရင်း
အောက်စီဂျင်ပေးထားရသည့် ဦးရှင်း
ရဲ့ မျက်နှာလေးကို ကြည့်ရင်း သူ
သွေးရူးသွေးတမ်းဖြစ်နေခဲ့ရ၏။

သူ့ကို ကာကွယ်ပေးရင်း ဖြစ်သွားရတာ
မို့ ရင်ထဲတွင် ဝမ်းနည်းနာကျင်မှုတို့က
အတိုင်းအဆမဲ့လှပါသည်။

အရေးပေါ်ခန်းထဲသို့ ဝင်သွားပြီး အခန်း
ထဲသို့ ဆရာဝန်နှင့် သူနာပြုများ ဝင်လာကြ
ပြီး ရှင်းရဲ့ သွေခုန်နှုန်းကို စမ်းသက်ကြည့်
ကြ၏။

မှန်ကာရံထားသည့် အခန်းပြင်ကနေ
ကုတင်ပေါ် အသက်မဲ့လူတစ်ယောက်
လိုဖြစ်နေသည့် ရှင်းကိုကြည့်ရင်း ရတု
တစ်ယောက် ရှိုက်တငင်ငိုလေသည်။

"လူနာက နှလုံးမခုန်တော့ဘူး! "

montior တွေပေါ်နေသော ဦးရှင်းရဲ့
နှလုံးခုန်နှုန်းကို ကြည့်ရင်း သူ့ မျက်ဝန်း
တွေ ပြာဝေသွား၏။

"ဦးရှင်း..! ကျွန်တော်တို့နဲ့အတူတူနေမယ်
လို့ ကတိပေးထားတယ်လေ။ ကျွန်တော်
နဲ့ သားလေးဆီကို ပြန်လာခဲ့ပါ။ ဦးရှင်း
ဘာမှမဖြစ်ရဘူးနော်..ဦးရှင်း ဘာမှမဖြစ်ရ
ဘူး! ကျွန်တော့်နဲ့ သားလေးအတွက်
အားတင်းထားပေးပါ။ ကျွန်တော်
တောင်းဆိုပါတယ်"

အခန်း မှန်ပြင်ကနေ ဦးရှင်းရဲ့မျက်နှာလေး
ကို မြင်နေရတာမို့ အက်ရှကြေကွဲနေတဲ့
အသံလေးနှင့် စို့နစ်စွာပြောရင်း ဒူးလေး
ညွှတ်ကျသွား၏။

လက်ထဲတွင် ပေနေသည့် ဦးရှင်းရဲ့ သွေး
များကိုကြည့်ရင်း သူ့ ရင်တစ်ခုလုံးနာကျင်
လာရ၏။ မျက်ဝန်းတွင်လည်း မျက်ရည်များ
အိုင်ဖွဲ့လာကာ ပါးပြင်ပေါ်သို့ တအိအိနှင့်
ပြိုဆင်းကျလာ၏။

"တီ....တီ......တီ....!! "

"နှလုံးခုန်နှုန်းပြန်တက်လာပြီ"

အခန်းထဲမှ ဆရာဝန်၏ စကားသံကြောင့်
သူ ထ,ရပ်လိုက်မိ၏။

"ခွဲစိတ်ခန်း ချက်ချင်းပို့ပြီး အရေးပေါ်
အမြန်ခွဲစိတ်ရမယ်"

𝑊ℎ𝑒𝑛 𝑇ℎ𝑒 𝑀𝑎𝑝𝑙𝑒𝑠 𝐹𝑎𝑙𝑙 𝐼𝑛 𝐴𝑢𝑡𝑢𝑚𝑛 -မေပယ်လ်ကြွေသောဆောင်းဦးဝယ်Où les histoires vivent. Découvrez maintenant