Chapter-22{အဖြူရောင်အတ္}{Uni}

2.2K 163 14
                                    

{Unicode}

"ဒီတစ်ပတ် ချောင်းသာက ဟိုတယ်သစ်
ဖွင့်ပွဲကြရင် ချောင်းသာကို မင်းကော၊
ကွန်းကွန်းကော လိုက်ခဲ့ရမယ်"

"ဘာလို့ လိုက်ရမှာလဲ? ခင်ဗျား ဘာသာ
ခင်ဗျား သွား! ကျွန်တော်ကတော့ မလိုက်
ဘူး"

မျက်နှာကို တစ်ဖက်လွှဲထားရင်း ဂျစ်
ကန်ကန် ငြင်းဆန်နေသော ရတုကြောင့်
ရှင်း အသည်းယားသွားရ၏။ ထို့ကြောင့်
ရတု နားသို့ရောက်အောင် ကိုယ်လေးကို
ပိုမို တိုးကပ်လိုက်ရင်း...၊

"မင်းရဲ့စိတ်အပန်းဖြေရအောင် ကိုယ်က
ခေါ်တာပါ။ တကယ်လို့ မင်းမလိုက်ရင်
ကိုယ်က မင်းကို နေ့တိုင်း နမ်းပြီး ကိုယ့်
ကိုပြန်မှတ်မိလာအောင် လုပ်ရမှာပဲ"

"ခင်ဗျား..တော်တော်ကို လူလည်ကျပါ
လား? ကျွန်တော်ကလည်း ခင်ဗျားကို
သိပ်မှတ်မိချင်နေတာမို့လို့လား? နေ့တိုင်း
နမ်းမယ်တဲ့..သိပ်ကိုနစ်နာနေအုံးမယ်
ထင်တယ်..ဦးရှင်းခန့်မော်ကွန်းရဲ့"

"ဦးရှင်းလို့ပဲ ခေါ်ပါ။ မင်းကိုယ်တိုင်ပဲ ကိုယ့်
က်ို 'ဦးရှင်း' ဆိုတဲ့ နာမ်စားလေးစပြီးခေါ်ဝေါ်
သုံးနှုန်းခဲ့တာလေ"

"ကျွန်တော် ခေါ်ချင်ရင်ခေါ်မယ် မခေါ်ချင်
ရင်မခေါ်ဘူး! ဦးရှင်းခန့်မော်ကွန်း"

သူ့ကို မေ့ပျောက်သွားတဲ့ နေ့ကနေစပြီး
ရတု ပုံစံက အရင်ကနဲ့မတူဘဲ သူ့စကား
တိုင်းကို တစ်ခွန်းမကျန်ပြန်ပြီး ပြိုင်ငြင်း
တတ်လာ၏။ အရင်က ဒီလိုပြိုင်ပြောရင်း
စကားအချေအတင်ဖြစ်လို့ ဒေါသဖြစ်ခဲ့ရ
ပေမဲ့ အခုတော့ ထူးထူးခြားခြားပင် ရတုနဲ့
ဒီလို စကားပြိုင်ငြင်းရတာကိုပဲ သူ နှစ်သက်
နေမိ၏။

"ဦးရှင်းလို့ပဲခေါ်ပါ"

"ခင်ဗျား ဘယ်လိုဖြစ်နေတာလဲ? ကျွန်တော်
တို့အတွက် အဲ့ဒါလေးက ဘယ်လောက်များ
အရေးကြီး နေလို့လဲ? ကျွန်တော် အလုပ်ရှိ
သေးတယ်..သွားတော့မယ်"

ရတုက ဆက်ခနဲထ,လိုက်တော့ ရှင်းက
ရတုရဲ့ လက်ကောက်ဝတ်လေးကို အားနှင့်
လှမ်းဆွဲပြီး ရတုကိုယ်လေးကို ပေါင်ပေါ်တွင်
ထိုင်စေလိုက်၏။ ထို့နောက် ရတု မရုန်းနိုင်
အောင် ခါးလေးကို သန်မာလှသော လက်နှစ်
ဖက်နှင့် တင်းကြပ်နေအောင် ပွေ့ဖက်ထား
၏။ ရတုက မနေတတ်စွာပင် ကိုယ်လေးကို
လူးလွန့်ကာ ရုန်းနေ၏။

𝑊ℎ𝑒𝑛 𝑇ℎ𝑒 𝑀𝑎𝑝𝑙𝑒𝑠 𝐹𝑎𝑙𝑙 𝐼𝑛 𝐴𝑢𝑡𝑢𝑚𝑛 -မေပယ်လ်ကြွေသောဆောင်းဦးဝယ်Where stories live. Discover now