Chapter-26{ချစ်တယ်...ရတုရယ်}{Uni}

2.5K 174 23
                                    

{Unicode}

"သား ဘာဖြစ်လာတာလဲ?" ဖေဖေ့သားကို
ဘယ်သူ ငိုအောင်လုပ်တာလဲ"

နေ့လယ်ခင်းမို့ အိမ်ရှေ့မန်ကျည်းပင်ရှိ
ကွပ်ပျစ်ပေါ်တွင် ထိုင်နေခိုက် မျက်ရည်
လေးသုတ်ကာ တငိုငိုနှင့် သူ ရှိရာကို
လျှောက်လာသော ကွန်းကွန်းကြောင့်
ပျာပျာသလဲဖြစ်သွားရသည်။

သားဖြစ်သူရှေ့တွင် ခြေဖျားထောက်
ထိုင်ချလိုက်ပြီး ဖုန်တွေလူးပေနေသည့်
သားလေးအကျႋပေါ်က ဖုန်တွေကို လက်
လေးနှင့် ခါပေးလိုက်၏။

ထို့နောက် မျက်နှာပေါ်က မျက်ရည်စ
တွေကို လက်မလေးနှင့် ဖိသုတ်ဖယ်ရှား
ပေးလိုက်ပြီး စိုးရိမ်မကင်းသော မျက်ဝန်း
များနှင့် ကြည့်လိုက်မိရင်း...၊

"အကျႌတွေမှာလည်း ဖုန်တွေ လူးပေလို့
ပါလား? သား ဘာဖြစ်လာတာလဲ ဖေဖေ့ကို
ပြော"

"ကွန်းကွန်းရဲ့ အရုပ်လေးကို ဟို ကိုကို
တွေက လုယူသွားကြတယ်။ ပါပါး ဝယ်
ပေးတဲ့အရုပ်လေးကို ကွန်းကွန်း ပြန်
တောင်းတော့ ကွန်းကွန်းကို တွန်းတယ်။
ပြီးတော့ ကွန်းကွန်းကို အမေမရှိတဲ့ သားတဲ့"

"သားရယ်....."

ရှိုက်တငင်ဖြင့် ငိုရင်း ပြောလာသော
သားဖြစ်သူ ခန္ဓာကိုယ်လေးကို ပွေ့ဖက်
လိုက်၏။ သားလေးဒီလို ငိုနေတာကို
မြင်ဖူးတာ ဒီတစ်ကြိမ်က ပထမဆုံးပါ။

ဖြူဝင်းနေတဲ့ သားလေးရဲ့ မျက်နှာလေး
သည် ဖုန်မှုန့်၊ သဲမှုန့်တွေရောကာ
မည်းညစ်ညစ်ဖြစ်နေရရှာ၏။

ရတုက ဦးခွန်းမြတ်ရှိနေသည့် တရားစခန်း
ကို လိုက်သွားတာမို့ အိမ်တွင် သားလေးနှင့်
သူသာ ကျန်ရစ်နေခဲ့ရ၏။

အ်ိမ်စောင့် ချာတိတ်ကောင်လေးနှင့်အတူ
မုန့်ဝယ်ထွက်သွားမည်ဟုဆိုပြီး ပြန်လာ
တော့ မျက်ရည်စမ်းလက်နှင့်ဖြစ်နေလေ၏။

"ပြော...! ဖေဖေ့ကိုပြော! ဖေဖေ့သားကို
အနိုင်ကျင့်ခဲ့တာ ဘယ်က ကလေးတွေ
လဲ? ဖေဖေနဲ့တွေ့မယ်"

ကွန်းကွန်း လက်ကို ဆွဲကာ စောစောက
အနိုင်ကျင့်ခဲ့သည့် ကလေးတွေရှိရာသို့
ရောက်လာခဲ့၏။

𝑊ℎ𝑒𝑛 𝑇ℎ𝑒 𝑀𝑎𝑝𝑙𝑒𝑠 𝐹𝑎𝑙𝑙 𝐼𝑛 𝐴𝑢𝑡𝑢𝑚𝑛 -မေပယ်လ်ကြွေသောဆောင်းဦးဝယ်Où les histoires vivent. Découvrez maintenant