Chpater-11{ကံတရားရဲ့မျက်နှာသာပေးမှု}{Uni}

1.9K 172 10
                                    

{Unicode}

"မင်းကုမ္မဏီမှာမဟုတ်ဘဲ ဘယ်လ်ိုလုပ်
ဒီရောက်နေတာလဲ"

"ကျွန်တော် တောင်းပန်ပါတယ်"

ရတု မျက်နှာချင်းမဆိုင်ရဲစွာပင် ခေါင်းလေး
က်ုငုံ့ထားရင်း ဖြေရှင်းချက်မှမပေးနိုင်တော့ဘဲ
ချက်ချင်းပင်တောင်းပန်လိုက်မိလေတော့၏။

"ကိုက်ို...."

သားဖြစ်သူက ဦးရှင်းခန့်မော်ကွန်းရဲ့ လက်
လေး တစ်ဖက်ကို ဆွဲက်ိုင်လှုပ်ယမ်းနေတော့
ရတု ချက်ချင်းပင် သားဖြစ်သူကိုအနားသ်ို့
ပြန်ဆွဲခေါ်လိုက်၏။

"ဒါမင်းရဲ့သားလား"

"ဟုတ်ပါတယ်"

"ချစ်စရာလေးပဲ.."

ဦးရှင်းခန့်မော်ကွန်းရဲ့မျက်နှာက စိတ်ဆိုး
နေဟန်မရှိဘဲ သားဖြစ်သူရဲ့ ပါးလေးတစ်ဖက်
ကိုဆွဲညစ်ရင်း ယဲ့ယဲ့ပြုံးလေသည်။

"ကဲ..ထားပါလေ..ဒီနေ့က ငါ့အတွက်ထူးခြား
တဲ့နေ့မို့ ငါခွင့်လွှတ်ပေးလိုက်မယ်။ ဒါနဲ့မင်းရဲ့
ကလေးကို ငါချီကြည့်လို့ရမလား"

"ဗျာ...."

ရှင်းက ရတုအဖြေက်ိုမစောင့်ဘဲ သူ့ကိုမျက်လုံး
ဝိုင်းလေးဖြင့်ကြည့်နေသည့် ကလေးငယ်လေး
က်ို ပွေ့ချီလိုက်၏။ ရှင်း ပွေ့ချီလိုက်သည်နှင့်
ကွန်းကွန်းက သဘောကျစွာပင် တခစ်ခစ်ရယ်
လေသည်။ ရတုက ရှင်းနဲ့သားဖြစ်သူကိုကြည့်
နေရင်း သူကိုယ်တိုင်ပင် သတိမထားမိဘဲ ပြုံး
လိုက်မိ၏။

"ကိုယ်က ကလေးတော့မချစ်တတ်ပေမဲ့..
မင်းရဲ့သားလေးကိုတော့ ချစ်စရာကောင်း
လွန်းလို့ သိပ်ကိုသဘောကျတယ်။ ကလေး
က အဖေနဲ့အမေဆီက ချောတဲ့ရုပ်ရည်ကို
အမွေရထားတာဖြစ်မယ်"

"ကွန်းကွန်း...ဆီမှာ မေမေ မရှိဘူး"

ကွန်းကွန်းရဲ့ ရုတ်တရက်စကားကြောင့် ရတု
မျက်ဝန်းအိမ်လေးလှုပ်ခက်သွား၏။

"ကွန်းကွန်းကို ပါပါး ကိုယ်တိုင်မွေးခဲ့တာတဲ့။
အဲ့တာကြောင့် ပါပါးက ကွန်းကွန်းရဲ့အမေ
လည်း ဟုတ်တယ်လို့ ပြောဖူးတယ်"

ကွန်းကွန်းရဲ့စကားကိုကြားလေတော့ ရှင်းက
ခပ်ဖွဖွပြုံးကာ ရတုကို ကြည့်ရင်း....၊

𝑊ℎ𝑒𝑛 𝑇ℎ𝑒 𝑀𝑎𝑝𝑙𝑒𝑠 𝐹𝑎𝑙𝑙 𝐼𝑛 𝐴𝑢𝑡𝑢𝑚𝑛 -မေပယ်လ်ကြွေသောဆောင်းဦးဝယ်Where stories live. Discover now