Chapter-16 မင်းဆိုတာ ကိုယ့်အတွက်ကဟေဠိပုစ္ဆာတစ်ပုဒ်လို

1.9K 176 19
                                    

{Unicode}

မင်းစစ်ပို့လာသည့် mail တွေကို စစ်ကြည့်နေ
ပေမဲ့ စိတ်တို့က အလုပ်ထဲမရောက်ဘဲ ဘေးရှိ
တချပ်ချပ်မြည်နေသော တိုင်ကပ်နာရီဆီသို့
သာ စိတ်ရောက်နေ၏။ ၈နာရီခွဲတိတိကိုညွှန်ပြ
နေပြီမို့ သူ့စိတ်တို့အလိုမကျသလိုခံစားလာရ
၏။

ကွန်ပျူတာရှေ့ကနေခွာလိုက်ပြီး ပင့်သက်
ရှိုက်လိုက်ကာ ဝိုင်ခွက်ထဲက လက်ကျန်ဝိုင်
ကိုမော့သောက်လိုက်၏။ စိတ်ထဲမရှင်းသေး
တာမို့ နောက်တစ်ခွက်ထပ်သောက်လိုက်မိ၏။

"ဦးဦးရှင်း...!"

ညနေက မြင်ကွင်းကိုသာ မျက်ဝန်းထဲ
မြင်ယောင်နေမိရင်း အတွေးတို့ပျံ့လွင့်နေ
တာမို့ ခြေသံဖွဖွဖြင့် အခန်းထဲသို့
ကွန်းကွန်းဝင်လာတာကိုပင် သူမမြင်ခဲ့
ချေ။

"မင်း..ငါ့အလုပ်ခန်းထဲ ဘာလာလုပ်တာလဲ"

"ကွန်းကွန်း ပုံဆွဲထားတာ ပါပါးက ပြန်မလာ
သေးလို့ ဦးဦးရှင်း က်ိုပြချင်လို့..ဦးဦးရှင်း
ကြည့်မယ်မလားဟင်"

"မကြည့်ချင်ပါဘူး..! မင်းအဖေပြန်လာမှ
ပြလေ..ဒီအချိန်ထိဆိုရင် ဒီညတော့ မင်း
အဖေပြန်လာမဲ့ပုံမပေါ်လောက်ပါဘူး"

"ပြန်လာမှာပါ..ပါပါးက ကွန်းကွန်းကို
ထားပြီး ဘယ်တော့မှ မအိပ်ဘူး"

"မင်းတော့မကြာခင် အဖေသစ်တစ်ယောက်
ထပ်ရအုံးလိမ့်မယ်နဲ့တူတယ်"

"ကွန်းကွန်းမှာ ပါပါးရယ် ဦးဦးရှင်းရယ်
ရှိပြီးသားပဲကို။ ဦးဦးရှင်းက ကွန်းကွန်းရဲ့
ဖေဖေပဲလေ"

"ဘာ..! ငါက မင်းရဲ့အဖေဟုတ်လား?
မင်းကို ဒီစကားဘယ်သူသင်ပေးတာလဲ?"

"ဦးဦးရှင်းရဲ့ နာမည်က ဦးရှင်းခန့်မော်ကွန်း။
ကွန်းကွန်း နာမည်က မော်ကွန်းငယ်လေ...
ဦးဦးရှင်းနဲ့ ကွန်းကွန်းက နာမည်တူနေတယ်
ဆိုတော့ ဦးဦးရှင်းက ကွန်းကွန်းရဲ့ အဖေပဲ
ပေါ့။ ဒီမှာကြည့် ကွန်းကွန်းက ဦးဦးရှင်းရယ်၊
ပါပါးရယ်၊ ကွန်းကွန်းရယ် သုံးယောက်ပုံလေး
ဆွဲထားတာ"

လက်ထဲက ပုံဆွဲစာအုပ်ဖြူပေါ်တွင်ဆွဲ
ထားသော ပုံလေးကို ကွန်းကွန်းက သူ့ကို
ပြလေတော့ သူက မဲ့ပြုံးပြုံးလ်ိုက်ရင်း
ကွန်းကွန်းလက်ထဲက ပုံဆွဲစာအုပ်ကိုယူကာ
အဝေးသ်ို့လွှင့်ပစ်လိုက်ပြီး...၊

𝑊ℎ𝑒𝑛 𝑇ℎ𝑒 𝑀𝑎𝑝𝑙𝑒𝑠 𝐹𝑎𝑙𝑙 𝐼𝑛 𝐴𝑢𝑡𝑢𝑚𝑛 -မေပယ်လ်ကြွေသောဆောင်းဦးဝယ်Where stories live. Discover now