Chapter-13{အမုန်းမှအစပြုခဲ့သော}{Uni}

2.1K 174 28
                                    

{Unicode}

စစ်ကိုင်းရှိခြံဝန်းလေးသည် ကျယ်ဝန်းလှ၏။
ခြံထဲတွင် အရိပ်ရသစ်ပင်များစွာ စိုက်ပျိုး
ထားပြီး ပျဉ်ထောင်အိမ်လေးတစ်လုံးသာ
ရှိ၏။ ကားလေးကို ခြံရှေ့တွင်ရပ်လိုက်ပြီး
ဟွန်းတီးလိုက်တော့ ခြံစောင့် ချာတ်ိတ်
ကောင်လေးတစ်ယောက်ထွက်လာ၏။

ရတု ကားမှန်ကိုချလိုက်ပြီး ထိုကောင်လေး
ကို ဖေဖေရှိ၊ မရှိလှမ်းမေးလိုက်၏။

"ဖေဖေ..တရားစခန်းထပ်ဝင်သွားပြီလား?
ဖုန်းပိတ်ထားလို့လေ"

"မဟုတ်ပါဘူး..ကိုကိုလေး။ သဘက်ခါ
လောက်ဆိုရင်တော့ ထပ်ဝင်မယ်လို့ပြော
ပါတယ်။ အခုတော့ အိမ်ထဲမှာရှိပါတယ်"

"အင်း..! မင်းလည်း ဖေဖေ့ကို ဂရုစိုက်ပေး
တာကျေးဇူးပဲနော်။ ရော့..ဒီမှာ မင်းအတွက်
မုန့်ဖိုး"

ရတု ငါးထောင်တန်တစ်ရွက်ထုတ်ပေး
လိုက်၏။ ထို့နောက် ကားလေးကို အိမ်ရှေ့ထိ
ရောက်အောင် မောင်းလာခဲ့ပြီး ကားပေါ်က
နေဆင်းလိုက်၏။

"ဖေဖေ...! "

သူ အသံလေးလှမ်းပေးလိုက်တော့ အိမ်ထဲ
ကနေ ဖေဖေက ထွက်လာ၏။

"သား..ရောက်လာတာပဲ! ဖေဖေ့ကို ဖုန်းတော့
ကြိုဆက်တာမဟုတ်ဘူး"

"သား ဆက်သေးတယ်။ ဖေဖေက ဖုန်းပိတ်
ထားတယ်လေ။ လာသာလာရတယ်..ဖေဖေ
ရှိပါ့မလား စိတ်ပူနေတာ"

"ဟိုတစ်ခေါက်ကလည်း လာတယ်ဆို..
မောင်မြင့်ပြောပြတယ်"

"ဟုတ်တယ်...သား ဂျပန်ကပြန်ရောက်တာ
နည်းနည်းကြာပြီ..။ သားဒီကိုလာတာ ဖေဖေ့
ကို ပြောစရာရှိလို့"

"ကဲ..ပြောပါအုံး! သား မျက်နှာက ဒီလောက်
ထိအလေးအနက်ဖြစ်နေအောင် ဘာကိစ္စကြီး
တွေများရှိနေတာတုန်း"

"ဖေဖေ..N.K Group နဲ့ ဦးနေနိုင်ကို သိတယ်
မလား"

"သိတယ်လေ...ဘာဖြစ်လို့လဲ သား"

"ဖေဖေက အဲ့ဒီ N.K group က ဒုတိယ
ရှယ်ယာအများဆုံးပိုင်တဲ့ ဒုဥက္ကဌဖြစ်ခဲ့
တယ်မလား? အခုချိန်ထိလည်း ဖေဖေက
N.K ကနေ ထွက်လာခဲ့ပေမဲ့ ဖေဖေ့ရဲ့
ရှယ်ယာတွေက N.K မှာ ရှိနေဆဲပဲမလား?"

𝑊ℎ𝑒𝑛 𝑇ℎ𝑒 𝑀𝑎𝑝𝑙𝑒𝑠 𝐹𝑎𝑙𝑙 𝐼𝑛 𝐴𝑢𝑡𝑢𝑚𝑛 -မေပယ်လ်ကြွေသောဆောင်းဦးဝယ်Where stories live. Discover now