Chapter-25{ပြန်လည်မွေးဖွားလာသော နှလုံးသား}{Uni}

2.5K 191 18
                                    

{Unicode}

"ဒါက ဘယ်လိုဖြစ်ရတာလဲ? ဒေနီရမ်..!
ငါ့ကို သေချာရှင်းပြပါအုံး"

စံအိမ်၏ ဧည့်ခန်းသည် အပ်ကျသံပင်
မကြားရအောင် တိတ်ဆိတ်ခြင်းသာ
စိုးမိုးနေ၏။ ရှင်းရဲ့ မျက်နှာထက်တွင်
သိချင်စိတ်တို့ ပြင်းပြနေမှုကို ဖုံးကွယ်
မရအောင် အထင်းသားပေါ်လွင်နေ၏။

"ငါအကုန်ပြောပြပါ့မယ်။ အဲ့နေ့ညက
မင်းနဲ့ရတုနဲ့ အခန်းထဲမှာ မှားယွင်းသွား
ကြပြီး မနက်ရောက်တော့ ရတု အခန်း
ထဲကနေ အရင်ထွက်သွားတယ်။ အဲ့ည
က မင်းတို့နှစ်ယောက်ရဲ့ ပုံတွေကို ရတု
တတ်ခဲ့တဲ့ကျောင်းမှာ ဖြန့်ပစ်ခဲ့တဲ့သူက
ရတုရဲ့ သူငယ်ချင်းဘုန်းမာန်ဆိုတဲ့ သူပဲ။
ငါတွေ့လိုက်ရတုန်းက မင်းရဲ့ မျက်နှာကို
ကျ ခပ်ဝါးဝါးလုပ်ထားပြီး ရတုရဲ့ မျက်နှာ
ကိုတော့ မြင်သာအောင်လုပ်ထားတာ။
အဲ့ဒီဓာတ်ပုံကိုကြည့်ရုံနဲ့ ရတု အပေါ်မှာ
သက်သက်မကောင်းကြံချင်ခဲ့တယ်ဆိုတာ
သိသာနေတာပဲလေ"

"အဲ့ဒီ ဓာတ်ပုံတွေပြန့်သွားတော့ ရတုက
ငါ လုပ်ခဲ့တယ်လို့ အထင်လွဲချင်ရင်
လွဲသွားန်ိုင်တာပဲ"

"ဒါပေမဲ့ မင်းလုပ်ခဲ့တာမှ မဟုတ်တာ။
အဲ့ဒီနောက်တော့ ရတု ရုတ်တရက်ကြီး
ကျောင်းနားလိုက်တယ်။ သူ ကျောင်း
ပြန်တတ်တော့ သူ့ဆီမှာ ကလေးတစ်
ယောက်ရှိနေပြီ။ သူ့အသက်ငယ်ငယ်
လေးနဲ့ ကလေးတစ်ယောက်ကို ပြုစု
စောင့်ရှောက်ရတာ လွယ်မှာတော့
မဟုတ်ဘူး။ နောက်တော့ မထင်မှတ်ဘဲ
သူရဲ့ ကိုယ်ဝန်ကို တိတ်တဆိတ်လာအပ်
ခဲ့တဲ့ ဆရာဝန်က ငါ့အဒေါ်ဖြစ်နေတာ။
အဒေါ်ကလည်း သူ့ လူနာရဲ့ကိုယ်ရေး
ကိုယ်တာကိုမပြောပြတော့ ငါကိုယ်တိုင်
စုံစမ်းရင်း ဒီကလေးက ရတု ကိုယ်တိုင်
မွေးခဲ့တဲ့ ကလေးဆိုတာ သိခဲ့ရတာ။
မင်းမယုံကြည်ရင်လည်း ကလေးရဲ့
DNA ကိုစစ်ကြည့်ပေါ့။ အဲ့တာမှ မင်းရဲ့
ကလေးဆိုတာ မင်းအပြည့်အဝယုံကြည်
နိုင်မှာမဟုတ်လား"

သူ စိတ်ထဲ ဝမ်းနည်းနာကျင်သွားရ၏။
ကွန်းကွန်းလေးကို တစ်ယောက်ထဲ
စောင့်ရှောက်ခဲ့ရတဲ့ ရတု ရဲ့ ငယ်ရွယ်
နုပျိုတဲ့ ဘဝလေးက ဘယ်လောက်တောင်
ခက်ခဲကြမ်းတမ်းခဲ့လိမ့်မလဲ? မမျှော်လင့်ဘဲ
သူ့ဘေးနားကို သားအဖနှစ်ယောက်လုံး
ရောက်လာခဲ့တာတောင် သူက ခါးခါးသီးသီး
နဲ့ ပစ်ပစ်ခါခါပြောဆိုဆက်ဆံခဲ့မိ၏။

𝑊ℎ𝑒𝑛 𝑇ℎ𝑒 𝑀𝑎𝑝𝑙𝑒𝑠 𝐹𝑎𝑙𝑙 𝐼𝑛 𝐴𝑢𝑡𝑢𝑚𝑛 -မေပယ်လ်ကြွေသောဆောင်းဦးဝယ်Where stories live. Discover now