Chapter-10{ကံကြမ္မာဇာတ်ဆရာအလိုကျ }{Uni}

1.9K 165 20
                                    

{Unicode}

ရတု မနက်တစ်ပိုင်းခွင့်ယူလိုက်ကာ
ကွန်းကွန်းလေးကို မူကြိုလိုက်အပ်ပေး
မိ၏။ နောက်နှစ်ဆိုကွန်းကွန်းလေးက K.G
စတက်ရလို့ရနေပြီဖြစ်သည်။ Light မူကြို
ကျောင်းလေးက ရတု စုံစမ်းခဲ့သမျှ မူကြို
ကျောင်းများအားလုံးထဲတွင် သားဖြစ်သူ
အတွက် အသင့်တော်ဆုံးဖို့ ဒီမူကြိုမှာထား
ဖို့ သူ ရွေးချယ်လိုက်မိတာပင်။

အားကစား ၊ ဘာသာစကားအပြင် အသင်းအဖွဲ့
လှုပ်ရှားမှုတွေထိပါ ထူးချွန်အောင်လေ့ကျင့်
သင်ကြားပေးတတ်တာကြောင့် ရတု ဒီမူကြိုလေး
ကို သဘောကျနေမိ၏။

မူကြိုကျောင်း၏ ဆိုင်းဘုတ်လေးသည် လှပ
စွာပင်တည်ရှိနေ၏။ နံရံတွင် ဆေးရောင်တို့
ခြယ်သထားခြင်းကြောင့် မူကြိုကျောင်းလေး
သည် နှစ်သက်ဖွယ်ကောင်းလွန်းနေ၏။

ကျောင်း၏ခြံဝန်းထဲတွင် အရိပ်ရသစ်ပင်
များစိုက်ပျိုးထား၏။ အင်္ဂတေခင်းထားသော
မြေပြင်ပေါ်တွင် ဖျာလေးခင်းကာ အုပ်စုဖွဲ့ရင်း
ပုံပြောနေကြသော ကလေးများစွာကိုတွေ့ရ
လေသည်။

ကွန်းကွန်းက တီရှပ်အဖြူလေးပေါ်တွင်
အစိမ်းနုရောင် ဆွယ်တာချိုင်းပြက်လေးကို
ထပ်ဝတ်ထားပြီး၊ ဒူးထက်ဘောင်းဘီ အသား
ရောင်လေးကို ရှူးဖိနပ်အနက်လေးဖြင့် သပ်ရပ်
စွာပင် ဝတ်ဆင်ထား၏။ ထို့ပြင် ခေါင်းပေါ်
တွင် ဦးထုပ်အဝိုင်းလေးကိုလည်းဆောင်း
ထားသေး၏။

ရတုက ကွန်းကွန်းလက်လေးကိုဆွဲကိုင်ရင်း
မူကြိုကျောင်းခန်းထဲသို့ဝင်လာ၏။

"ဆရာမ..မင်္ဂလာခင်ဗျ"

"မင်္ဂလာပါရှင့်..."

"ကျွန်တော်မနေ့ကဖုန်းဆက်ထားတဲ့သူပါ"

"ရတု..ဆိုတာလား"

"ဟုတ်ပါတယ်ခင်ဗျ...ကျွန်တော်ပါပဲ။
ကွန်းကွန်းလေးကို ဒီမှာအပ်ချင်လို့ပါ"

"ဟုတ်ရပါတယ်ရှင့်! ကလေးက ရတုရဲ့
ညီလေးများလား"

"မဟုတ်ပါဘူးခင်ဗျ..ကွန်းကွန်းက ကျွန်တော့်
ရဲ့သားလေးပါ"

"ဪ..အဲ့လိုလား? ကလေးလေးက ချစ်စရာ
ကောင်းလိုက်တာ...နာမည်ဘယ်လိုခေါ်လဲရှင့်"

𝑊ℎ𝑒𝑛 𝑇ℎ𝑒 𝑀𝑎𝑝𝑙𝑒𝑠 𝐹𝑎𝑙𝑙 𝐼𝑛 𝐴𝑢𝑡𝑢𝑚𝑛 -မေပယ်လ်ကြွေသောဆောင်းဦးဝယ်Where stories live. Discover now