Chapter-7{အမှတ်တမဲ့ကံကြမ္မာ}{Uni}

2K 169 17
                                    

{Unicode}

မြင့်မားခမ်းနားလှသော N.K group၏
ကုမ္မဏီအဆောက်အဦးအား ရတု
မော့ကြည့်လိုက်ကာလက်ထဲတွင်ကိုင်
ထားသော ဖိုင်အိတ်လေးကို ကျစ်နေအောင်
ဆုပ်က်ိုင်ရင်း ပင့်သက်တစ်ချက်ရှိုက်လိုက်
ကာ ကုမ္မဏီထဲသို့ဝင်လာခဲ့၏။

ဓာတ်လှေကားမှတစ်ဆင့် အင်တာဗျူးမည့်
အထပ်သို့ ရတု တက်လာခဲ့သည်။ ကုမ္မဏီ၏
အခန်းတစ်ခုတွင် သူ့လိုပဲ အင်တာဗျူးလာဖြေ
သည့် သက်တူရွယ်တူ ယောကျင်္ားလေးများက
၁၀ယောက်ထက်မကပင်ရှိ၏။

N.K groupတွင်အလုပ်ရဖို့မလွယ်ပေမဲ့
ကုမ္မဏီကနေပေးသည့် လစာနှင့်ခံစားခွင့်
အကျိုးအမြက်တွေကြောင့် အလုပ်လျှောက်
ချင်သည့် လူများ၏စိတ်ထဲတွင် N.K group
သည် နံပါတ်တစ်ဖြစ်နေ၏။ သို့သော် ထို
ကုမ္မဏီတွင်အလုပ်ရရန်အခွင့်အရေးမှာ
အနည်းငယ်သာရှိသည်။

ဘာပဲဖြစ်ဖြစ်သူ့အတွက် အခွင့်အရေးသည်
၁%ပဲရှိရင်တောင်ထို ၁%ကို သူအမိအရဖမ်း
ဆုပ်ကိုင်မှာပါ။ သူကိုယ်တိုင်လည်း ထိုနေရာ
တွင်အလုပ်ရလိမ့်မည်ဟုယုံကြည်သည်။ သူ့
ရဲ့အရည်အချင်းနဲ့ လုပ်ကိုင်နိုင်စွမ်းကို ရတု
ရာနှုန်းပြည့်ပင်ခိုင်မာစွာယုံကြည်နေမိ၏။

"ကိုနေဝန်းရတု..ဝင်လို့ရပါပြီရှင့်"

သူ့နာမည်ခေါ်လိုက်တာနှင့် ရတု စိတ်သည်
လှုပ်လှုပ်ရှားရှားပင်ဖြစ်လာ၏။

အတွင်းရေးမှူးနေရာအတွက် ဦးရှင်းခန့်မော်ကွန်း
ကိုယ်တိုင် စီစစ်ရွေးချယ် မှာက်ို ရတု သိထား
သည်။ ၅နှစ်ကျော်ကြာမှ တစ်ဖန်ပြန်တွေ့ရ
မည့် ဦးရှင်းခန့်မော်ကွန်း ကို မျက်နှာချင်းဆိုင်
ရဲဖို့ သူ အတော်ကိုပင် စိတ်တင်းခဲ့ရသည်။
ဒါပေမဲ့ သူနောက်ဆုပ်ဖို့ မဖြစ်နိုင်တော့ချေ။
ကိုယ်ရှေ့ဆက်တိုးဖို့ စခဲ့မိတဲ့ ကစားပွဲတစ်ခုကို
မပြီးတဲ့အချိန်ထိသူ ကြောက်ရွံ့နေလို့မဖြစ်ပါ။
မုန်းမိတဲ့စိတ် ၊ နာကျည်းတဲ့စိတ်ကို ရင်ထဲ
တွင်သိုဝှက်ထားဖို့လိုအပ်သည်။

ရတု တံခါးလေးကို တွန်းဖွင့်ရင်း အခန်းထဲ
ဝင်လာတော့ အခန်းထဲတွင်ရှိနေသည့် သူက
ရတုကို ကျောပေးထားပြီး အပြင်ကိုငေးကြည့်
ကာ ခါးထောက်ရပ်နေ၏။

𝑊ℎ𝑒𝑛 𝑇ℎ𝑒 𝑀𝑎𝑝𝑙𝑒𝑠 𝐹𝑎𝑙𝑙 𝐼𝑛 𝐴𝑢𝑡𝑢𝑚𝑛 -မေပယ်လ်ကြွေသောဆောင်းဦးဝယ်Waar verhalen tot leven komen. Ontdek het nu