Arc 6 အပိုင်း {၁၂၃} (Z+U)

Start from the beginning
                                    

ယွမ့်ဇျဲ့ နည်းနည်း လန့်သွားသည်။ "အဲ့ဒါဆိုရင်... ဖုတ်ကောင်တွေ မျိုးမသုန်းသွားတဲ့ ကမ္ဘာလည်း ရှိနေလောက်လား။ ဒါမှမဟုတ် မီးသင်္ဂြီုဟ်တာကို စမလုပ်ကြရသေးတဲ့ ကမ္ဘာဆိုရင်ရော။"

သူ ပိုပြီး တွေးမိလေလေ ပိုရှင်းလာလေလေ ဖြစ်သည်။ ရှဲ့ချီကို သူစိုက်ကြည့်လိုက်သည်။ "မင်းရဲ့ ကမ္ဘာက ဆုံမှတ်တစ်ခုမှာရှိနေပြီး မင်းက လမ်းရဲ့ လမ်းကြောင်းခွဲတစ်ခုပေါ်မှာပဲ။"

ယွမ့်ဇျဲ ခေါင်းညိတ်ပြလိုက်သည်။ သူ တကယ်လည်း ထိုသို့တွေးခဲ့သည်။

ယွမ့်ဇျဲ ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိပြီး သူ၏ မျက်လုံးထဲ ကြောက်ရွံ့မှု တစ်စွန်းတစ်စ ပေါ်လာသည်။ "ငါတို့ ကမ္ဘာတွေမှာရော ငါတိုနဲ့ ထပ်တူညီနေတဲ့ ငါတို့တွေ ရှိနေမှာလား။ ဒါမှမဟုတ် ငါတို့ မသိတဲ့ကမ္ဘာတွေမှာ ငါတို့နဲ့ ထပ်တူညီနေတာတွေပေါ့။"

ရှဲ့ချီ သူ့ကို အာမခံလိုက်သည်။ "စိတ်မပူပါနဲ့။ ဖြစ်နိုင်ခြေက သုညဖြစ်သလောက်ပဲ။ ကမ္ဘာတစ်ခု ဆင့်ကဲပြောင်းလဲတာက ကိုယ်တစ်ခုလုံးကို သက်ရောက်တယ်။ ပြောင်းလဲမှု သေးသေးလေးက မသိသာပေမဲ့ သမိုင်းအစဥ်အဆက်တစ်လျှောက် 'မင်း' မရှိဘူးဆိုတဲ့ ဖြစ်နိုင်ခြေ များတယ်။ သူက မင်းနဲ့ တစ်ပုံစံထဲတူနေရင်တောင်မှ သူက မင်း မဟုတ်ဘူး။ ရှင်သန်လာတဲ့ ပတ်ဝန်းကျင် ကွာတယ်လေ။ သူက မတူတဲ့လူတွေကို သိခဲ့ပြီး မတူတဲ့အရာတွေနဲ့ ​တွေ့ကြုံခဲ့ရတယ်။ သူက မင်းပါပဲလို့ ဘယ်လိုလုပ် ပြောလို့ရမှာလဲ။ လူဆိုတာ အဖွဲ့အစည်းက ထုဆစ်လိုက်တာတွေပဲ။ ဘေးပတ်ဝန်းကျင် ပြောင်းလဲသွားတာနဲ့ သူတို့လည်း လိုက်ပြီး ပြောင်းလဲသွားမှာလေ။"

ယွမ့်ဇျဲက ချက်ချင်းပင် သူ့စိုးရိမ်မှုများကို လွှတ်ချလိုက်သည်။ သူစိုးရိမ်နေသည်က နည်းနည်းတော့ ကျိုးကြောင်းဆီလျော်မှုမရှိဟု ခံစားလိုက်ရကာ ပြုံးလိုက်သည်။ "အဲ့တော့ ငါတို့က ငါတို့ပဲပေါ့။"

ရှဲ့ချီ ခေါင်းညိတ်ပြလိုက်သည်။ "သေချာတာပေါ့။ ဒါက ဒီအတိုင်း ဘာမဟုတ်တဲ့မှန်းခြေသက်သက်ပဲဟာကို။"

နောက်ကျရင်တော့ အမှန်ကို သိနိုင်မည့် အခွင့်အရေးရလာမလားတော့ မသိသေးပေ။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now