Arc 6 အပိုင်း {၁၂၃} (Z+U)

Начните с самого начала
                                    

ရှဲ့ချီက သူ့အစားပြောပေးသည်။ "ဘယ်လိုလဲဆိုတော့ တိုးတက်မှုက မပြီးသေးတာ ဒါမှမဟုတ် အသေးစိတ်ကတော့ ကွဲပေမဲ့ တိုးတက်မှု ယေဘုယျသဘောတရားက အတူတူဖြစ်နေတဲ့ မင်းရဲ့ ကမ္ဘာလိုမျိုးပဲ။ တောင်ပေါ်က စီးဆင်းလာတဲ့ ရေစီးကြောင်းလိုပဲ။ တစ်ခုခုနဲ့ တွေ့သွားရင် ခွဲထွက်သွားပြီး မတူညီတဲ့ဘက်ဆီ ပြောင်းစီးဆင်းသွားသလိုမျိုး။ အဲ့ဒီလိုဆိုရင်တောင်မှ ရင်းမြစ်က ရေစီး​ကြောင်းဖြစ်နေပြီး အနှစ်သာရက ရေပဲလေ။"

"ဟုတ်တယ်။ အဲ့ဒီလို ခံစားချက်မျိုး။" ယွမ့်ဇျဲက ပြောပြသည်။ "မင်းရဲ့ ကမ္ဘာနဲ့ ယန်ကျင်းရဲ့ ကမ္ဘာကြားက ကွာနေတာတော်တော်ကြီးပေမဲ့ ထပ်တူညီနေတာတွေက များနေတုန်းပဲ။"

ရှဲ့ချီက ခဏတာ တိတ်နေပြီးမှ သူ့ကို စိုက်ကြည့်လိုက်သည်။ "အပြိုင်ကမ္ဘာသီအိုရီကို မင်းယုံလား။"

သူမကြာကြာ ထိုအကြောင်းကို စဥ်းစားကြည့်မိပြီး သိထားသည့် သိပ္ပံပညာ (သို့) သိပ္ပံဆိုင်ရာ နည်းများနှင့် ရှင်းပြဖို့ရာ ကြိုးစား​ကြည့်ဖူးသည်။ ဤသည်က သူ့အတွက် ထပ်တူအကျဆုံးနှင့် အနီးစပ်ဆုံးဖြစ်နိုင်ခြေ ဖြစ်လေသည်။

ယွမ့်ဇျဲ စိတ်မှာ ရုတ်တရက် ရှင်းသွားသည်။ သူ ခဏလောက် ရပ်လိုက်ပြီးမှ အမှန်တိုင်း ပြန်ဖြေလိုက်သည်။ "ငါ...ငါ မသိဘူး။"

သိပ္ပံနှင့် သိပ္ပံစိတ်ကူးယဥ်ဇာတ်များမှာ သူနှင့် အလှမ်းဝေးလွန်းသည်ဟု ခံစားရသည်။ App ထဲ မဝင်လာခင်တုန်းကလည်း သရဲတစ္ဆေများနှင့် ဘုရားများကို သူမယုံ​ကြည်ခဲ့ပေ။ သူသည် သက်ဝင်ယုံကြည်မှုမရှိဘဲ အရာအားလုံးကို မေးခွန်းထုတ်တတ်သည့် ခေတ်လူငယ်တစ်ယောက်ဖြစ်ခဲ့သည်။ အဓိပ္ပါယ်မရှိသည့် တက္ကသိုလ်ဆီ ကျောင်းသွားတက်ပြီး ဘဝကို ကုန်ဆုံးခဲ့သည်။

ထို့နောက် ရှဲ့ချီက ဤသို့ပြောပြလိုက်ပြီး ယွမ့်ဇျဲ သဘောပေါက်သွားသည်။ "တကယ်တမ်း အဓိပ္ပါယ်တော့ရှိသားပဲ။ ယဲ့ရှောင့်ရှောင့်နဲ့ ငါ့ရဲ့ ကမ္ဘာမှာ လွန်ခဲ့တဲ့ နှစ်ရာချီလောက်တုန်းက ဖုတ်ကောင်တွေ ရှိခဲ့တယ်လို့ စာအုပ်ထဲမှာ သေချာပေါက် မှတ်တမ်းတင်ထားတယ်။ ပြီးတော့ လူတွေ တိုးတက်လာကြတာကြောင့်မလို့ သူတို့တွေကို အပြတ်ရှင်းနိုင်လိုက်တယ်တဲ့။ မီးသင်္ဂြီုဟ်တာကို စလုပ်လာကြပြီး ဖုတ်ကောင်အသစ်တွေလည်း ဖြစ်မလာတော့ဘူး။ အဲ့ဒါကြောင့် ငါတို့တွေက ဖုတ်ကောင်တွေတော့ မမြင်ဖူးပေမဲ့ စိမ်းနေတာတော့လည်း မဟုတ်ဘူး။ ဖုတ်ကောင်တွေက ငါတို့ကမ္ဘာရဲ့ ဇာတ်ကားတွေထဲမှာလည်း ပါကြတာပဲ။"

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Место, где живут истории. Откройте их для себя