Chapter-628-ပြိုင်ပွဲစတင်ခြင်း

Start from the beginning
                                    

လုံရှန်းတိုက်မကြီးတုန်းကအချိန်ကို ယူရှောင်းမို
ပြန်တွေးမိသည်။ ထိုအချိန်တုန်းကဆိုလျှင်
သက်တန့်ရောင်ဝိဉာဉ်ရှိသူများမှာ နည်းပါးလွန်း၍
လက်တစ်ဖက်တည်းနဲ့တောင် ရေတွက်လို့
ရနိုင်သည်။ သို့သော်လည်း ဤနေရာတွင် အနည်းဆုံး
ရာချီရှိသည်။ ထိုအချက်ကနေ ရှောင်ယောင်
တက္ကသိုလ်နဲ့ ထုံထျန်းနန်းတော်တို့ရဲ့
သမိုင်းကြောင်းနှင့်သက်ရောက်မှုတို့ကိုပြောနိုင်သည်။

ယူရှောင်းမိုကြားထားရသလောက်
ဤမျှများပြားသည့်သက်တန့်မှော်ဆရာများ
ပြိုင်ပွဲကိုတက်ရောက်ကြရာတွင် သုံးဦးသာ
ရှေ့ဆက်နိုင်သည်။ ၎င်းကနည်းပါးလွန်းသည်၊
လူတစ်ရာလျှင်တစ်ယောက်နှုန်းမျှသာ အောင်နိုင်ခြေ
ရှိသည်။

သို့ပေမဲ့ ယူရှောင်းမိုကတော့ စာရင်းသွင်းဖို့
စိတ်မဝင်စားပေ၊ ထုံထျန်းနန်းတော်ကိုဝင်ဖို့
သူ့မှာစိတ်ကူးမရှိပေ။ ထို့အပြင် သူ့ဘက်က
လိုလားကြောင်းပြောပါက ထိပ်ဆုံးသုံးဦးထဲ
ပါသွားလျှင်တောင် ကမ်းလှမ်းမှုကိုငြင်းပယ်လို့
ရသည်၊ သူငြင်းလျှင် လေးယောက်မြောက်နေရာက
သူ့နေရာအစားထိုးမည်ဖြစ်၍ကိစ္စမရှိပေ။

မှန်တာပေါ့၊ ဒါမျိုးဖြစ်ဖို့ကတော့ ခဲယဉ်းသည်။
ပြိုင်ပွဲမှာဝင်ပြိုင်သူအများစုက နန်းတော်ကို
ဝင်ချင်ကြတာပဲလေ။

ယခုနှစ်တွင် ကျောင်းမှာနေတာဆယ်စုနှစ်တစ်ခုကျော်
ရှိပြီဖြစ်သည့် အထပ်ကိုးဆယ့်ငါးနှင့်အထက်မှ
မှော်ဆရာများ အတော်လေးများ၏၊ တချို့ဆို
နှစ်ငါးဆယ်ထိပင်ရှိကြပြီဖြစ်သည်။ သူတို့က
အဆင့်တက်ထားကာစသူ့လိုလူမျိုးကဲ့သို့မဟုတ်ဘဲ
အတွေ့အကြုံကြွယ်ဝသလိုစွမ်းအားလည်းရှိကြသည်။

သူတို့ရောက်ချိန်၌ ကျုံးယဲ့နှင့်ချောင်ဝူရှင်းတို့က
ရောက်နှင့်နေပြီဖြစ်သည်။

ယူရှောင်းမိုပေါ်လာတော့ သူတို့အနောက်ကနေပြီး
သူ့ဆီလက်ယမ်းပြနေတဲ့ ထျန်ရှင်းကိုတွေ့ရသည်။
ထိုစိတ်လှုပ်ရှားမှုနှင့် သွားပြိုင်မည့်သူက
သူမလို့တောင်ထင်ရသည်။

သူမက ယခုအကြိမ်မှာပါဝင်ယှဉ်ပြိုင်မှာမဟုတ်ပေမဲ့
ပြိုင်ပွဲက အပြင်လူတွေကိုရောဝင်ခွင့်ပေးတဲ့
ထုံထျန်းနန်းတော်ရဲ့နေရာမှာ ကျင်းပတာဖြစ်၍
လိုက်ကြည့်လို့ရလေသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now