Chapter-627-အလိုမလိုက်ရဲတော့ပါဘူး

Start from the beginning
                                    

နှစ်ယောက်သား လမ်းလျှောက်ရင်းဖြင့်
ငယ်ပေါင်းကြီးဖော်သူငယ်ချင်းများသဖွယ်
စနောက်ပြောဆိုလာကြသည်။ နတ်ဆိုးသားရဲတွေက
ပိုမိုပွင့်လင်းသည့်နေရာမှာ နာမည်ကြီးသည်၊
၎င်းကမှန်တာကို ယူရှောင်းမိုမြင်နိုင်ပေသည်။

လုံယွဲ့ကတော့ ယူရှောင်းမိုကိုတော်တော်လေး
မနာလိုဖြစ်နေသည်။ သူက သွားချင်တဲ့နေရာ
သွားနိုင်ပြီး လွတ်လပ်စွာနေရသည်။ သူ့ကိုဆို
အမြဲမပြတ်စောင့်ကြည့်နေသူတစ်ယောက်တော့
ရှိကိုရှိ၏။ အထူးသဖြင့် အငယ်ပိုင်းတွေထဲက
တစ်ယောက် ပျောက်သွားပြီးအသတ်ခံရပြီးနောက်မှာ
မျိုးနွယ်ဝင်များက သူတို့ကိုအနီးကပ်စောင့်ကြည့်နေ
ကြသည်။

"မင်းဘယ်နှခုယူမှာလဲမသိလို့ အဆင့်ဆယ့်တစ်
အသက်သလင်း ဆယ်ခုယူခဲ့တယ်"

လုံယွဲ့ကပြောရင်း အသက်သလင်းသေတ္တာများအား
စားပွဲပေါ်တင်လိုက်သည်။ သေတ္တာတစ်လုံးကို
အသက်သလင်းတစ်ခုပါ၏။

ယူရှောင်းမို အသက်ရှူမှားသွားရသည်။

"အများကြီးပဲ"

သူတို့ပထမဆုံးစတွေ့တုန်းက လုံယွဲ့မှာ
အသက်သလင်းနှစ်ခုပဲရှိပြီး သူ့ကိုတစ်ခုတည်းပဲ
ရောင်းပေးချင်ခဲ့တာကို သူမှတ်မိသေးသည်။
ယခုတော့ တစ်ပြိုင်နက်တည်းဆယ်ခုထုတ်လာ၏။

လုံယွဲ့က သွားပေါ်အောင်ပြုံးသည်။

"ဒီတစ်ခါ အကြီးတွေခွင့်ပြုချက်နဲ့ယူလာတာလေ။
နောက်ပြီး မင်းငါ့ကိုကယ်ခဲ့တဲ့အကြောင်းကြားပြီး
သူတို့က ဆယ်ခုပေးလိုက်တာ။ မပူပါနဲ့ ငါတို့မှာ
အများကြီးပဲရှိတယ်။ ဒီတစ်ခါ ဒါတွေအကုန်
အလကားပေးလိုက်မယ်၊ ငါ့အသက်ကိုကယ်ခဲ့တဲ့
အတွက် ကျေးဇူးပြန်ဆပ်တာ"

ယူရှောင်းမို တုံ့ဆိုင်းစွာလှမ်းကြည့်လိုက်သည်။

"ဒါကများလွန်းတယ်၊ လက်ဆောင်အနေနဲ့
ကြီးလွန်းနေတယ်၊ ပြီးတော့ ငါတို့ကအဲ့နေရာကို
တိုက်တိုက်ဆိုင်ဆိုင်အပို့ခံလိုက်ရတာပဲရှိတာ။
အဲ့ဒါကြောင့် မင်းကိုကယ်နိုင်ခဲ့တာ။ ဒီလိုလုပ်ပါလား
အဲ့အစား ငါ့ကိုဈေးလျှော့ရောင်းပေးလေ"

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now