Arc 6 အပိုင်း {၁၂၀} (Z+U)

Start from the beginning
                                    

တစ်နည်းဆိုရသော် ဒီဇာတ်ကားက ထူးခြားလောက်သည်။

ရှဲ့ချီ သူ၏အိတ်ကို ဖွင့်လိုက်သည်။ အခု သူ့ဆ်ီတွင် လိမ္မော်ရောင် အိုင်တမ်သုံးခုထပ်ရှိနေပြီဖြစ်သည်။

ရှန်ယိက စာပို့သည့်နေရာတွင် စာထားခဲ့သေးသည်။ [မင်းရဲ့ ကိုယ်ပိုင်အိုင်တမ်တွေကို ပိုဦးစားပေး။ ခရမ်းရောင်အထက်က အိုင်တမ်တွေကို သူများဆီက ရထားရင် သက်ရောက်မှုကို လျှော့ထားတတ်တယ်။ လျှော့တဲ့အတိုင်းတာက အိုင်တမ်ပေါ်မူတည်ပြီးကွဲသွားတယ်။ မင်းနဲ့ သင့်တော်လောက်မဲ့ လျှော့ချထားတာလည်း နည်းတဲ့ အိုင်တမ်သုံးခုကို ရွေးပေးထားတယ်။ မင်းလိုနေတာကို ယူသွားလိုက်။]

[ပြီးတော့ ယိဟယ်စုန့်က ရှင်းရလွယ်မှာမဟုတ်ဘူး။ သူ့ကို အထင်မသေးနဲ့။ သူလည်း ထိပ်တန်းလိမ္မော်ရောင်အိုင်တမ် သုံးခုယူလာမှာပဲ။ မင်းအိုင်တမ်တွေက သူနဲ့ သေချာပေါက် ယှဥ်လို့ရမှာမဟုတ်ဘူး။ သူ့ကိုယ်ပိုင် အစွမ်းစကိုက တော်တော်မြင့်တယ်။]

App တွင် အိုင်တမ်ကန့်သတ်သည့် စနစ်ရှိသည်။ လိမ္မော်ရောင်ဇာတ်ကားတစ်ကားအတွက် သရုပ်ဆောင်တစ်ယောက်လျှင် အများဆုံး လိမ္မော်ရောင် အိုင်တမ်သုံးခုသာလျှင် ယူလာနိုင်သည်။ သူ့တွင်အခု မြင့်မြတ်သော အလင်းရောင်လက်စွပ်နှင့် အစောင့်ရှောက် လက်စွပ်ဟူ၍ လိမ္မော်ရောင်အိုင်တမ်နှစ်ခု ရှိနေသည်။ တစ်ခုက အကြွင်းမဲ့ ကာကွယ်ပေးနိုင်ခြင်းဖြစ်ပြီး တစ်ခုက ခွန်အားကိုတိုးလာစေသည်။ တစ်နည်းပြောရသော် သူ့တွင် အိုင်တမ်နေရာလွတ်တစ်ခုသာ ရှိတော့ပြီး ရှန်ယိပေးလိုက်သည့် အိုင်တမ်သုံးခုထဲမှ တစ်ခုကိုသာလျှင် ယူသွား၍ရလေသည်။

ရှန်ယိပြောချင်သည်ကို ရှဲ့ချီ နားလည်သည်။ အန္တရာယ်ကြီးကြောင်းနှင့် သူနှင့် ယိဟယ်စုန့်ကြားတွင် ကွာဟချက်အကြီးကြီးရှိနေသည်ကို သေချာပေါက် သူသိသည်။ ယိဟယ်စုန့်တွင် နောက်ခံတောင့်ပြီး App ထဲတွင် နှစ်လ၊သုံးလကျော်လောက် ပို၍ နေပြီးဖြစ်သည်။ ရှဲ့ချီ မယှဥ်နိုင်သော်လည်း ယိဟယ်စုန့်ကို သတ်မည်ဟု အလွယ်တကူပင် ကတိပေးခဲ့သည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now