Arc 6 အပိုင်း {၁၂၀} (Z+U)

Start from the beginning
                                    

အနီရောင်ဇာတ်ကားများ ရှားပါးခြင်းသည် လိုအပ်မှုက ရှိနေသည်ထက် ကျော်လွန်နေပြီး ဝင်ခွင့်က ခက်ခဲသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် အဆင့်မြင့် လိမ္မော်ရောင် ဇာတ်ကားကိုရွေးချယ်ခြင်းက ပုံမှန်ပင်။ ဤသို့သော ဇာတ်ကားမျိုးကို သေချာရိုက်ကူးထားသ၍ အနီရောင်သို့ မြင့်တက်သွားနိုင်သည့် ဖြစ်နိုင်ခြေများလေသည်။ အနီရောင်ဇာတ်ကား၏ ဆုကြီးများကို မရနိုင်သည်မှန်သော်လည်း အဆင့်မြင့်သွားသည်ကပင် လိုနေသည်အမှတ်များကို ဖြည့်ပေးရန် လုံလောက်လေသည်။

ထိုသဘောက ထိပ်တန်းလိမ္မော်ရောင်ဇာတ်ကားသည် သေချာပေါက် အသားတုံးကြီးပင်။ ထွက်လာသည်နှင့် ချက်ချင်းလူပြည့်သွားလေ့ ရှိသည်။ တတိယနှင့် စတုတ္ထတန်းစား သရုပ်ဆောင်များက သူတို့၏ ပထမဆုံးအနီရောင်ဇာတ်ကားကို အားကိုးကာ သူတို့၏ ခေါင်းစီးကို အဆင့်မြှင့်ချင်ကြသည်။ ပိုပြီး စီနီယာကျသည့် သရုပ်ဆောင်များပင်လျှင် ပေါ့သေးသေးလုပ်ကြလေ့မရှိ။ ရှန်ယိသည် သူ့နေရာသို့ရောက်ပြီးနောက် အခွင့်ထူးခံစားခွင့်တချို့ရှိလေသည်။ App အား ဇာတ်ကားထံတွင် သူ့အတွက် နှစ်နေရာ၊သုံးနေရာလောက် ချန်ထားခိုင်း၍ရပြီး အေးဂျင့်အား ရှဲ့ချီ၏ နာမည်ကို စာရင်းသွင်းပေးရန် ပြောလိုက်သည်။

ချောက်ချားစရာ ဇာတ်ကား၏ နာမည်မှာ အတော်ကို ရိုးရှင်းလှသည်။ ရိုးရိုး 'ဆေးရုံ' ဟုသာပင်။ ဇာတ်ကားရိုက်ကူးမည့်နေရာမှာ ဆေးရုံဖြစ်သည် ဆိုခြင်းကလွဲ၍ သတင်းအချက်အလက်မှန်သမျှကို ဖုံးထားလေသည်။

ရှေ့ဆက်လာရင်းနှင့် ဇာတ်ကား၏နာမည်များမှာ ပိုပိုပြီး နက်နဲလာကာ ပေးသည့်အချက်အလက်များလည်း နည်းလာသည်ကို ရှဲ့ချီ သိလိုက်သည်။ အစတုန်းကဖြင့် 'ဝတ်စုံနီနှင့် ဝိညာဥ်' နှင့် 'ဖုတ်သရဲ ချစ်သူ' တို့အားလုံးမှာ ထင်ရှားသည့်ဆိုလိုရင်းများရှိနေသော်လည်း '၁၅၅၂ သရဲခြောက်သောအိမ်ကြီး' နှင့် 'ရှင်လျက်နှင့် ငရဲကျခြင်း' တို့မှာ မြင်မြင်ချင်း မှန်းဆ၍ မရနိုင်ပေ။

ရှဲ့ချီသည် လိမ္မော်ရောင် သရဲကား ရှင်လျက်နှင့် ငရဲကျခြင်းကို ရိုက်ကူးပြီးဖြစ်သည်။ ဒီတစ်ခါသည်လည်း လိမ္မော်ရောင်သရဲကားဖြစ်သည်။ App တွင် တူညီသည့် အရည်အသွေးနှင့် တူညီသည့်အမျိုးစားဇာတ်ကားများကို ရိုက်ကူးပါက အမှတ်လျှော့သည့် စနစ်ရှိလေသည်။ ဆေးရုံ သို့ ဝင်လိုက်ပါက ရှဲ့ချီမှာ အမှတ်၏ ၈၀% သာ ရမည်ဟု ပြော၍ရသည်။ သို့သော် ဇာတ်ကားရိုက်ကူးသည့်အတွက် ရမည့်အမှတ်များမှာ လုံးဝပုံမှန်အတိုင်းသာ ဖြစ်နေသည်ကို ရှဲ့ချီ သတိထားမိလိုက်သည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now