Part - 32

3.2K 272 68
                                    

Jungkook သည်လက်ချင်းချိတ်ပြီးသူရှေ့ကနေ
ထွက်သွားတဲ့ Jimin နဲ့ Yoongi ကိုကြည့်ပြီးပါးစပ်အဟောင်းသားနဲ့ ရင်ထဲမှာ ကလိကလိဖြစ်လာသည် ။ ငါမင်းကိုအရင်လမ်းခွဲစကားပြောမိတာနည်းနည်းနောင်တရချင်လာပြီရယ် ။ ဘုရား ... ဘုရား  ငါမင်းကိုဘယ်သူနဲ့မှတွဲတာမကြိုက်ဘူး
... ။

" သူနာပြုမလေး ကျွန်တော် အခုစားသောက်
ဆိုင်မှာတစ်ခုခုသွားစားမလို့ ။ ဘာမှာချင်လဲ ။
စားချင်တာရှိရင် မှာနော် ။ ကျွန်တော်၀ယ်လာ
ခဲ့ပေးမယ် "

" ဘာမှ မမှာတော့ပါဘူး ။ ဒါနဲ့ Doctor က
၀ယ်ကျွေးမယ်ဆိုရင် ခေါက်ဆွဲ​ကြော်တစ်ပွဲ
၀ယ်လာခဲ့လေ "

" ဆုတောင်းလိုက် "

Jungkook သည်ပြောရင်း ဆေးရုံထဲကနေခြေလှမ်းသွက်စွာဖြင့်ထွက်သွားပြီး ဆေးရုံအနီးအနားမှာရှိတဲ့စားသောက်ဆိုင်ထဲသို့ဝင်
သွားခဲ့သည် ။

စားသောက်ဆိုင်ထဲ၌ ညာဘက်ပြတင်းပေါက်နား
ထောင့်ဆုံးကျတဲ့စားပွဲခုံတစ်ခုံမှာ Menu စာအုပ်ကိုအတူတူကြည့်နေပြီး အစားအစာရွေးနေတဲ့ Jimin နဲ့ Yoongi ကိုမြင်တော့ သ၀န်တိုလာပြီး ဒေါ်သနည်းနည်းထွက်လာသည် ။

Jungkook သည် ထိုနှစ်ယောက်ရဲ့မြင်ကွင်းကို မသိမသာချောင်းကြည့်ချင်လို့ ဘယ်ဘက်​ပြတင်းပေါက်နား နောက်ဆုံးကျတဲ့စားပွဲထိုင်ခုံမှာဝင်ထိုင်လိုက်ပြီး နောက်တစ်ယောက်တွဲလည်းဘာမှမဖြစ်ဘူး တစ်စက်လေးမှသ၀န်မတိုတတ်တဲ့ပုံစံနဲ့မျက်နှာခပ်တည်တည် ...  ။

Jimin သည်စားသောက်ဆိုင်ထဲကိုဝင်လာတဲ့
Jungkook ကိုမြင်တော့ တစ်ချက်ကြည့်လိုက်
ပြီး ၂ စက္ကန့်တောင်မကြာဘဲ ချက်ချင်းမျက်နှာ
လွှဲလိုက်သည် ။ ဟက် ... မင်းနဲ့ငါပြတ်သွားပြီ
ဆိုတာသိပေမယ့်ငါမကျေနပ်သေးတဲ့အချက်တွေ
ရှိနေတာမို့ သ၀န်တိုတို ... မတိုတို အရွဲ့တိုက်ချင်
တဲ့စိတ်က တဖွားဖွား ။

ငါအရွဲ့တိုက်ပြလို့ မင်းသ၀န်တိုမိရင်ငါကအနိုင်ပဲ  ။ မင်းသ၀န်မတိုရင်တော့ ငါ့ဘက်ကအရှုံး .. ။

" ဒီမှာဗျ  .. ကျွန်တော့်ကိုထမင်းကြော်တစ်ပွဲ
ပေးပါ "

" ဟုတ်ကဲ့ .. ခဏလေးစောင့်ပါ "

အဖြူရောင်နှလုံးသား Where stories live. Discover now