Part - 12

2.4K 232 10
                                    

ဒုတိယနှစ် ... ။
အခုဆိုရင် Jung kook ဆေးကျောင်းတတ်တာ
ဒုတိယနှစ်ရောက်သွားပြီ ။ တတိယနှစ်ရောက်ရင် ကျောင်းနဲ့ဆက်နွယ်နေတဲ့ဆေးရုံတွေမှာဆရာ၀န်
တွေနဲ့အလုပ်သင်ဆရာ၀န်အနေနဲ့ အလုပ်လုပ် တော့မယ် ။ ပထမနှစ်တွင်ဆေးဘက်ဆိုင်ရာ
လိုင်စင်စစ်ဆေးခြင်းစာမေးပွဲ ( ၁ ) ကိုဖြေဆိုပြီး
သွားတော့ဒုတိယနှစ်ပြီးရင်စာမေးပွဲ ( ၂ ) ကို
ဖြေဆိုရဦးမယ် ။

Jungkook သည်ဆေးကျောင်းသားလေးကနေ
အလုပ်သင်ဆရာ၀န် ၊ ၅ နှစ်တတ်ပြီးလို့ ဘွဲ့ရပြီး
သွားရင်ဆရာ၀န်ဖြစ်တော့မယ် ။

Doctor Jeon Jungkook လို့အခေါ်ခံချင်နေတာ
တစ်ပိုင်းသေတော့မယ် ။ အခုမှ ဒုတိယနှစ်ပဲ
ရှိသေးတော့ တောင့်ခံထားရတယ် ။

စာတွေကအရမ်းခက်တော့ Jungkook သည်
ဆေးကုသနည်းတွေကို ဦးနှောက်ထဲမှာသေချာ
မှတ်သားထားရတယ် ။ တော်ကြာ လူနာတွေကို
ဆေးမှားကုသမိရင် မလိုလားအပ်တဲ့ပြဿနာ
အကြီးကြီးတွေဖြစ်လာနိုင်တယ် ။

ဒီနေ့ 25th . June .... ။
ကျွန်တော်နဲ့ Park Jimin ချစ်သူသက်တမ်းတစ်နှစ်ပြည့််တဲ့နေ့ ။ ချစ်သူစဖြစ်တဲ့နေ့ကိုတော့ဦးနှောက်ထဲမှာစွဲမြဲစွာမှတ်ထားတယ် ။ ဘယ်တော့မှ
25th . June ဆိုတဲ့နေ့စွဲကိုမေ့လျော့မှာ
မဟုတ်ဘူး ။

ဒုတိယနှစ်စတတ်တဲ့နေ့မှာ Jungkook သည်
ဓာတုဇီ၀ဗေဒ အတန်းချိန်ပြီးတော့အဆောင်ကို
မပြန်သေးဘဲကုန်တိုက်ကိုအရင်သွားလိုက်သည် ။

ကုန်တိုက်တွင် လက်၀တ်ရတနာရောင်းတဲ့
ဆိုင်တစ်ဆိုင်မှာ စိတ်တိုင်းကျတဲ့ Couple
Ring လေးတွေကိုကြည့်နေသည် ။

" ကျွန်တော်လက်စွပ်စင်တူနှစ်ကွင်းလိုချင််လို့ပါ ။ ကျွန်တော်ချစ်သူကောင်လေးကို ပေးမလို့သူနဲ့လိုက်ဖက်မယ့် လက်စွပ်ကိုရှာပေးလို့ရမလား "

Jungkook သည်ဆိုင်ရှင်ကို ပြုံးပြပြီး
​မေးလိုက်သည် ။

" အစ်မကို ချစ်သူကောင်လေးကဘယ်လို
ပုံစံမျိုးလဲဆိုတာပြောပြပါလား "

Jungkook လည်းချစ်ရသူလေးရဲ့ ပုံကို
မြင်ယောင်လိုက်ပြီး နှုတ်ခမ်းကွေးညွတ်
သွားတဲ့အထိပြုံးလိုက်သည် ။

အဖြူရောင်နှလုံးသား Where stories live. Discover now