Part - 28

2.2K 237 26
                                    

ဒီနေ့အလုပ်ပိတ်ရက်တနင်္ဂနွေနေ့လေးမို့ Jimin
အရမ်းပျော်ရွှင်ရပါသည် ။ ချစ်သူဒေါက်တာလေးနဲ့ အလုပ်ပိတ်ရက်မှာကစားကွင်းကိုသွားပြီး ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကိုအတူတူဖြတ်သန်းရမှာ ။ အတွေးနဲ့တင် အရမ်းကြည်နူးဖို့ကောင်းနေပြီ ။ တစ်ပတ်လုံးလုံးမှာ တနင်္ဂနွေတစ်ရက်တည်းနှစ်ယောက်စလုံးအားတာကြောင့် အတူတူပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကိုဖြတ်သန်းရမယ့်အချိန်ကအတော်နည်းတယ် ... ။

Jimin သည်ရေချိုးပြီးတော့ Hoddie ပန်းရောင်
လေးနဲ့ ဂျင်းဘောင်းဘီအတို၀တ်ထားပြီး ရွှေအို
ရောင်ရှိတဲ့ဆံပင်လေးကို သေချာဖြီးထားပြီးဖွ
ထားလိုက်သည် ။ ထို့နောက် အောက်ထပ်ကို
ဆင်းသွားပြီး ခြံထဲမှာရှိတဲ့ ဒန်းပေါ်မှာထိုင်ပြီး
စောင့်နေလိုက်သည် ။ ဘာဖြစ်လို့လဲဆိုတော့
ချစ်သူလေးက ဆိုင်ကယ်နဲ့အိမ်ကိုလာခေါ်
မယ်လို့ပြောထားတာကြောင့်ဖြစ်သည် ။

တစ်ဖက်၌ Jungkook သည်ချစ်သူလေးနဲ့အတူ
ကစားကွင်းသွားဖို့ အကုန်ပြင်ဆင်သွားပြီးလို့
အခန်းတံခါးပိတ်ပြီးထွက်သွားဖို့ပြင်နေတုန်း
မှာ ဖုန်းလာတာကြောင့်ကိုင်လိုက်သည် ။ ဖုန်း
ဆက်တဲ့သူက ဆေးရုံကသူနာပြုလေးတစ်
ယောက်ဖြစ်တာကြောင့် တစ်ခုခုတော့
တစ်ခုခုပဲ ... ။

" Hello , Dr . Jungkook ရေ အခုချက်ချင်း
ဆေးရုံကိုလာပေးပါ ။ မနက်လေးတင်မှ Madian
Lane ကားမှတ်တိုင်နားမှာ ကား Accident ဖြစ်လို့သွေးထွက်သံယိုဖြစ်နေတဲ့လူနာတစ်ယောက်ကOperating Room ထဲ၀င်ဖို့လိုတယ် ။ အခု
ဆေးရုံမှာကလည်း အခြားငှာနက ဆရာ၀န်
တွေပဲရှိတယ် ။ ခွဲစိတ်ဆရာ၀န်တွေမရှိလို့
အခုချက်ချင်းလာခဲ့ပေးပေါ ။ လူနာအရမ်း
သွေးထွက်လွန်နေတယ်နော် "

" အာ .. ဟုတ်ကဲ့ ။ ကျွန်တော်အခုချက်ချင်း
လာခဲ့ပါ့မယ် ။ Operating Room ထဲမှာ
လိုအပ်မယ့် ခွဲစိတ်ကိရိယာမျိုးစုံကို စစ်ဆေး
ထားပေးနော် "

" ဟုတ်ကဲ့ပါ "

Jungkook သည်အခုချိန်မှာဘာလုပ်လို့လုပ်ရ
မှန်းတောင်မသိတော့ဘူး ။ ခေါင်းတွေကပူထူ
လာသည် ။ ဘာပဲဖြစ်ဖြစ် အခုချိန်မှာလူနာက
ပိုအရေးကြီးတယ် ။ ချစ်သူလေးကို သူ့ဆီ
မလာနိုင်တော့တဲ့အကြောင်း အကျိုးအကြောင်း
ပြောပြဖို့ ဖုန်းဆက်လိုက်သည် ။

အဖြူရောင်နှလုံးသား Where stories live. Discover now