Part - 17

2.1K 202 26
                                    

" Daddy ရေ  ...  သားကိုကယ်ပါအုံး။ ဒီမှာ
ကိုကြီးကသားကိုနှိပ်စက်နေပါတယ်ဗျို့ "

TaeHyung သည်မျက်နှာစပ်ဖြီးဖြီးနဲ့​​ အော်ပြေးလာရင်း Daddy SeokJin ရဲ့အခန်းထဲကိုပြေး၀င်သွားသည် ။ TaeHyung သည်အခန်းထဲရောက်တာနဲ့ကုတင်ပေါ်မှာထိုင်နေပြီး ကွန်ပျူတတစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့ SoekJin ကို အားရပါးရပြေးဖတ်လိုက်သည် ။

" လန့်လိုက်တာသားရယ် ။ ဘာဖြစ်လို့အခန်း
ထဲကို​၀င်လာပြီး Daddy ကိုလာဖတ်ရတာလဲ "

" အဟင့် သားကို Jimin အနောက်ကနေ လိုက်ရိုက်နေလို့ပြေးလာတာ ။ သားရဲ့ခေါင်းကိုလည်း သုံးချက်တောင်ခေါက်တယ် "

မျက်နှာပြောင်စပ်စပ်နဲ့ နှုတ်ခမ်းလေးကိုဆူထာပြီး အတိုင်ပြောထူနေတဲ့ပြောနေတဲ့ TaeHyung သည်အပြင်မှာဘယ်လောက်ပဲလူကြီးဆန်ဆန်
အိိမ်ကျရင်တော့အရမ်းချစ်ဖို့ကောင်းသည် ။

" Yarr Kim TaeHyung ။ မင်းအပိုတွေ
မ​ပြောနဲ့ ။ ငါမင်းရဲ့ခေါင်းကိုဖွဖွလေးတစ်ချက်
ပဲခေါက်လိုက်တာ ။ မင်းလည်းငါ့ရဲ့ကျောကုန်း
ကိုတစ်ချက်ပြန်ထုသွားတယ်လေ "

Jimin သည် TaeHyung ပြေး၀င်သွားတဲ့
Daddy SeokJin ရဲ့ အခန်းထဲကို၀င်လာပြီး
အတိုင်ပြောထူနေတဲ့ TaeHyung ကိုကြည့်
ပြီး မျက်စောင်းတစ်ချက်ထိုးလိုက်သည် ။

" Daddy .. သူလေ သားဒီနေ့ Jungkook နဲ့
ချိန်းတွေ့ဖို့ မနေ့ကမှ Shopping Mall မှာ
၀ယ်ထားတဲ့ T Shirt ပန်းရောင်လေးကို ခွင့်မတောင်းပဲယူ၀တ်ထားတာ ကြည့် ။ တမင်တကာကိုယူ၀တ်ထားတာ "

" ဘာဖြစ်လဲ ... ကိုယ့်ညီလေးယူ၀တ်တာပဲ ။  အဟိ .. ဒီအင်္ကျီပန်းရောင်ကိုငါအရမ်းကြိုက်
လို့ ယူ၀တ်တာအပြစ်လားလို့ .. ကိုကြီးရဲ့ "

အမယ် ... သူများအင်္ကျီလည်းယူ၀တ်ထား
သေးတယ် ။ လူကိုလျှာထုတ်ပြောင်ပြပြီး
ကိုကြီးလို့ ခေါ်တဲ့ TaeHyung ကိုလေ
အားရပါးရဖြတ်ရိုက်ချင်စိတ်ကတဖွားဖွား ။ ခုနကအခန်းထဲမှာ ခေါင်းကိုတစ်ချက်
ခေါက်ထားတာတောင်မမှတ်သေးဘူး ။

" သားကဘာလို့ အစ်ကိုရဲ့ အင်္ကျီကိုယူ၀တ်
ရထာလဲလို့ ။ သားရဲ့အစ်ကိုက ဒီနေ့သူ့ချစ်သူ
နဲ့ချိန်းတွေ့ရင်၀တ်ဖို့၀ယ်ထားတာကို သားက
သွားယူ၀တ်တော့ ခေါင်းခေါက်တာခံရပြီပေါ့ "

အဖြူရောင်နှလုံးသား Where stories live. Discover now