Part - 8

3.1K 311 9
                                    

နောက်လကျရင်တက္ကသိုလ်တွေလည်းဖွင့်လှစ်
တော့မှာမို့လို့ တက္ကသိုလ်တတ်ရောက်ကြမယ့်ကျောင်းသားကျောင်းသူတွေလည်းလိုအပ်တာတွေအကုန်ပြင်ဆင်နေရပြီ ... ။

Jungkook သည်ဆုံးဖြတ်ချက်ချနိုင်ခဲ့ပြီ ။
ပန်းပင်လေးတွေသည်ရေမရှိရင်အချိန်
ကြာလာသည်နှင့်အမျှညိုးနွမ်းလာသလို
မအားလပ်ရတဲ့အချိန်တွေရှိလာလို့လူချင်း
မတွေ့နိုင်တာတွေရှိလာရင်ဘယ်လောက်ပဲ
သူငယ်ချင်းဖြစ်ပါစေ ဆက်ဆံရေးကသူစိမ်း
ဆန်သွားမှာကိုမလိုလားအပ်တာကြောင့်
သူချစ်မြတ်နိုးရတဲ့ Jimin လေးကို
ချစ်တယ် လို့ဖွင့်ပြောတော့မည်
ဟုအသေအချာဆုံးဖြတ်နိုင်ခဲ့သည် ။

Jungkook သည်ဆရာဝန်မဖြစ်ခင်က
တည်းက Park Jimin ကကျွန်တော်ရဲ့
အပိုင်ဆိုတာတံဆိပ်ခတ်ချင်နေပြီ .. ။

နေ့လယ်ခင်းတွင် ခြံထဲ၌ဒန်းပေါ်မှာစတိုင်ကျစွာခြေချိတ်ထိုင်နေပြီး စတော်ဘယ်ရီနှုတ်ခမ်းဖူးဖူးလေးကိုဆူထားပြီး ဓါတ်ပုံရိုက်ဖို့ Post အမျိုးမျိုးပေးနေပါသော Park Jimin သည်အရမ်းချစ်ဖို့
ကောင်းလှသည် ။

TaeHyung သည် Camera အခြေခံပညာ
သင်တန်းကိုသုံးလတတ်ရောက်ထားပြီး
ဓါတ်ပုံရိုက်နည်းပညာတွေစည်းစနစ်ကျစွာ
သင်ယူထားတာကြောင့် ဘယ်နေရာမျိုးမှာ
မဆိုအကောင်းဆုံးလှလှပပဓါတ်ပုံရိုက်
တတ်သည် ။

ကင်မရာကိုကိုင်ပြီး မတ်တပ်ရပ်ကာဓါတ်ပုံ
ရိုက်ပေးနေသော TaeHyung သည်အရမ်း
တည်ကြည်ပြီးရင့်ကျက်သောပုံစံဖြစ်သည် ။
ဘာအရောင်မှဆေးဆိုးထားခြင်းမရှိသော
ဆံပင်အနက်ရောင်သည်ကြည့်လို့ကောင်းသည်။ ဆံပင်အနက်ရောင်ကိုဆေးဆိုးထားခြင်းမရှိပေ
မယ့်ဆံပင်ညှပ်ဆိုင်မှာတော့ဆံပင်လေးကို
အနည်းငယ်ကောက်ထားသည် ။ဆံပင်အနက်
ရောင်အကောက်လေးကို Hair - Oil လိမ်း
ထားပြီးခေါင်းကိုသပ်ရပ်စွာဖြီးထားသည် ။

Jimin နဲ့ TaeHyung သည်ညီအစ်ကိုအရင်း
မဟုတ်ပေမယ့် ညီအစ်ကိုအရင်းတွေလို
ချစ်ချစ်ခင်ခင်နေကြပြီးသံယောဇဉ်တွေ
လည်းရှိနေကြပြီ ... ။

" Jimin မတ်တပ်ရပ်လိုက် ။ ပြီးရင်
လက်တစ်ဖက်ကခါးကိုထောက်ထား ။
မျက်နှာကခပ်တည်တည်နေပြီးကင်မရာကို
ကြည့်မယ် ။ မသိရင်မင်းက Model Boy
လေးပေါ့ "

အဖြူရောင်နှလုံးသား Where stories live. Discover now