Part - 3

3.8K 393 37
                                    

အတန်းပိုင်သင်္ချာဆရာမကျောင်းခန်းထဲကို
၀င်လာပြီဆိုတာနဲ့ ကျောင်းသားကျောင်းသူ
တွေသည် ဖင်တုန်အောင်ကြောက်ရသည် ။
စကားများနေကြတာကိုချက်ချင်းရပ်လိုက်
ကြပြီးတစ်ခန်းလုံးအပ်ကျသံပင်မကြား
ရအောင်ငြိမ်သက်တိတ်ဆိတ်သွားသည် ။

" ကဲ ... အာလုံးနားထာင်ကြ ။ ဒီနေ့ဆရာမတို့
( A ) ခန်းထဲကိုကျောင်းသားအသစ်ရောက်လာတယ် ။ Sunday တိုင်း TV မှာလာတဲ့ Health Talk အစီအစဉ်မှာ ကျန်းမာရေးနဲ့ပက်သက်တဲ့အကြောင်းတွေကိုပြောပြပေးတဲ့ Doctor Mr. Jeon ရဲ့သား ။ မင်းတို့အားလုံးသိမှာပါ " 

" Wow "

" Doctor Mr. Jeon ရဲ့သားတဲ့ ချောလိုက်တာ "

" အားလုံးပဲမင်္ဂလာပါ ။ ကျွန်တော့်ရဲ့နာမည်က
Jeon JungKook ပါ ခင်ပေးကြပါဗျ "

အရပ်ရှည်ပြီး ရုပ်ရည်ကလည်းအပြစ်
ပြောစရာတစ်ကွက်မှမရှိအောင်ချောမော
လွန်းနေတာကြောင့်ရှစ်တန်းကျောင်းသူတို့၏
ချီးကျူးအသံတွေသည်တစ်ယောက်တစ်ပေါက်ဖြစ်နေကြရော ။

Jimin သည်မနေ့ညကတည်းကအိမ်မှာ Jungkook ကိုမြင်ဖူးတာကြောင့်သိနေသည် ။

" သား Jungkook အရှေ့ဆုံးတန်းက
Cha EunWoo ရဲ့ဘေးနားမှာဝင်ထိုင်လိုက် ။
သား TaeHyung က ဟိုဘက်နည်းနည်း
တိုးပေးလိုက် "

" ဟုတ်ကဲ့ ဆရာမ "

" အားလုံးသင်္ချာအိမ်စာစာအုပ်တွေ
အရှေ့မှာချထား ။ ဆရာမတစ်တန်းချင်းစီ
လိုက်ကြည့်မယ် အိမ်စာမလုပ်လာရင် အခန်းရှေ့ထွက်ပြီးဒူးထောက်လက်မြှောက်နေရမယ် "

( A ) ခန်းထဲကရှစ်တန်းကျောင်းသား
ကျောင်းသူတွေအတန်းပိုင်သင်္ချာဆရာမကို
ဖင်တုန်အောင်ကြောက်ရတာလည်းပြောမနေနဲ့ ။စာမရလို့အပြစ်ပေးရင်အရမ်းကြောက်ဖို့
ကောင်းတယ် ။ ကြိမ်လုံးနဲ့ရိုက်ရင်လည်း
ဘယ်လောက်တောင်နာကြောင်း
အရိုက်ခံရဖူးတဲ့သူတွေသာသိလိမ့်မည် ။

Jimin တစ်ယောက်လွယ်အိတ်ထဲမှာ
သင်္ချာအိမ်စာစာအုပ်ကိုရှာနေတာနှံ့နေပြီ ။ အခုထိရှာလို့မတွေ့သေးဘူး ။ သေချာပြန်စဉ်းစားကြည့်လိုက်မှမနေ့ညကအိမ်စာလုပ်နေရင်း
အိပ်ပျော်သွားလို့စာရေးစားပွဲခုံပေါ်မှာမေ့ကျန်ခဲ့ခြင်း ။

အဖြူရောင်နှလုံးသား Where stories live. Discover now