Part - 2

3.7K 362 6
                                    

အချိန်တွေသည်ကုန်ဆုံးတာမြန်လွန်းပါသည် ။ Jimin နဲ့ TaeHyung လေးတိို့နှစ်ယောက်
လည်း အသက် 14 နှစ် ၊ အလယ်တန်းအဆင့်
ရှစ်တန်းသို့ရောက်ရှိလာခဲ့ပြီလေ ။

ကျောင်းတွင်လည်း Grade 2 ကနေ Garde 8 အထိပညာရည်ချွန်ထူးချွန်တဲ့အတွက်ကြောင့်
ရရှိထားသောဆုပေါင်းများစွာနှင့်ဂုဏ်ပြု
မှတ်တမ်းလွှာများသည်လည်း ဧည့်ခန်းထဲက
အလှဗီရိုစင်ပေါ်တွင်အသီးသီးနေရာ
ယူထားကြသည် ။

အသက် ၁၄ နှစ်အရွယ်နှင့်အညီ ဦးနှောက်သည် လူကြီးဦးနှောက်နဲ့မခြားတော့ပါ ။ အကောင်းအဆိုး အမှားအမှန်အကုန်ခွဲခြားတတ်လာပြီးကလေးမဆန်တော့ပါ ။ အကုန်ပြောရလျှင်လူပျိုဖော်၀င်လာပြီးအချစ်အကြောင်းကိုလည်း
အကုန်သိရှိလာပြီဖြစ်သည် ။ 14 နှစ်အရွယ်ဖြစ်တာမို့ အရပ်တွေသည် 5 ပေ ကျော်ရှိလာခဲ့သည် ။

Jimin နဲ့ TaeHyung သည်ကျောင်းတွင်ပညာ
စသင်ကတည်းက သူငယ်တန်းကနေယခုလက်
ရှိ 8 တန်းတတ်နေဆဲအထိ စာတော်ပြီး တစ်ယောက်နဲ့တစ်ယောက်စာပြိုင်ကြသည် ။
5 နှစ်အရွယ်ကတည်းက ဖအေတူမအေကွဲ
သားတွေမို့လို့ တစ်ယောက်နဲ့တစ်ယောက်
အကြည့်ချင်းဆုံရင်တောင် စကားလုံး၀
မပြောကြပါ ။

TaeHyung သည်ယောကျ်ားပီသစွာ
Jimin ကိုတစ်ခါမှ " မယားငယ်မ " သားလို့
ခေါ်ပြီး ယုတ်ညံ့တဲ့စကားလုံးတွေနဲ့တစ်ခါမှမချိုးနှိမ်ဖူးခဲ့ ။ ကျောင်းမှာလည်း သူများတွေ
ထက်အနေအေးတဲ့ Jimin ကို ဘယ်သော
အခါမှအနိုင်မကျင့်ခဲ့ဘူး ။ ငယ်ငယ်တုန်းက
ကလေးဆန်တဲ့အတွေးတွေကြောင့် မုန်းပေမယ့်အငြိုးမထားခဲ့ဘူး ။

ကျောင်းသွားခါနီးထမင်းစား၀ိုင်းထဲတွင် မနက်စာအတူတူထိုင်စားနေသည့် Jimin နဲ့ TaeHyung တို့၏မျက်နှာတွေသည် တင်းမာမှုမရှိ လျော့သွားမှုမရှိ ပုံမှန်ပဲ ။

အဖေဖြစ်သူ SeokJin သည် Jimin နဲ့ TaeHyung ကိုကြည့်ပြီးစိတ်အလိုမကျမှု
တွေကတစ်ပုံကြီးရှိနေခဲ့သည် ။ ညီအစ်ကိုနှစ်ယောက်သည် သူစိမ်းတွေလိုမနေဘဲ ချစ်ချစ်ခင်ခင်နေကြတာကိုပဲမြင်ချင်သည် ။

TaeHyung ရဲ့အမေဖြစ်သူ Sona ကတော့
အပြစ်မရှိတဲ့ Jimin လေးကိုအခုချိန်ထိ
အပြစ်တင်ပြောဆိုပြီးမုန်းနေဆဲပဲ ။

အဖြူရောင်နှလုံးသား Where stories live. Discover now